အင်းစိန်မြို့နယ်အတွင်းတွင် ပိုးတွေ့လူနာများပြားနေသော်လည်း သီးခြားLock-downချစရာမလိုသေးဟု လွှတ်တော်အမတ်ဆို

အင်းစိန်မြို့နယ်အတွင်းတွင် ပိုးတွေ့လူနာများပြားနေသော်လည်း သီးခြားLock-downချစရာမလိုသေးဟု လွှတ်တော်အမတ်ဆို

မေ ၈

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်တွင် COVID-19 ပိုးတွေ့လူနာများပြားနေသော်လည်း အဝန်းအဝိုင်း တစ်ခုတည်းက ဆက်စပ်ပြီး ကူးစက်ခြင်းဖြစ်သည့်အတွက် ရောဂါထိန်းချုပ်နိုင်သည့်အနေအထားတွင် ရှိကြောင်း အင်းစိန်မြို့နယ် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင် ကပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဧပြီလ ၇ ရက်ထုတ်ပြန်ချက်အရ တစ်ရက်တည်း ပိုးတွေ့ လူနာအသစ် ၁၄ဦးအနက် အင်းစိန်မြို့နယ်အတွင်းမှ ပိုးတွေလူနာ ၁၂ဦးအထိရှိနေပြီး ၎င်းတို့အားလုံးသည်  လူနာအမှတ် ၁၅၁ ကနေကူးစက်ခြင်းဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်က “ ကျွန်တော်တို့က under control (နိုင်နိုင်နင်းနင်းကိုင်တွယ်နိုင်တယ်) မှာရှိတယ်။ Lock-downတောင် သီးခြားချစရာမလိုဘူး။ နည်းနည်းလေး ပိုပြီးဂရုစိုက်လိုက်ရုံပဲ။ နဂို လူနာအမှတ် ၁၅၁ တွေ့က တည်းက ချထားပြီးသားလမ်းဖြစ်တယ်။ ဆေးတွေလည်းဖြန်း မျိုးစုံလည်းလုပ်ပြီးသား။ ဆက်စပ်တဲ့သူတွေကို လည်း သေချာရှာထားပြီးတော့ တိုင်းကျန်းမာရေးကလည်း စစ်ဆေးပြီးသားဖြစ်ပါတယ်” ဟု ပြောသည်။

ပိုးတွေ့လူနာများတွေ့ရှိသည့် ခဝဲခြံ(၂)လမ်းကိုလည်း လူနာအမှတ် ၁၅၁ တွေ့ရှိပြီးသည့် ဧပြီလ ၃၀ရက်ကတည်း အဝင်အထွက်ပိတ်ခဲ့ပြီး ပိုးသတ်ဆေးဖြန်းခြင်းများနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စများ ဆောင်ရွက်ခဲ့ တာဖြစ်ကြောင်း ၎င်းကပြောသည်

ပိုးတွေ့လူနာအလုပ်လုပ်ကိုင်သည့် အင်းစိန်မြို့နယ်အတွင်းက ပုဂ္ဂလိကဆေးရုံတစ်ရုံကို Lock-down ချမှတ်ပြီး လူ၁၀၀ကျော်ကို စစ်ဆေးခဲ့ပြီး အဆိုပါလူအားလုံးတွင် COVID-19 ပိုးမတွေ့ရှိကြောင်း ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနက သိရသည်။

အင်းစိန်မြို့နယ်အတွင်းတွင် အဖြစ်အများဆုံးရပ်ကွက် ကြို့ကုန်း(အရှေ့)၊အနောက်၊တောင်သူကုန်း၊ ရွာမအရှေ့ စသည့် ရပ်ကွက်(၄)ရပ်ကွက်လုံးကို ကျန်းမာရေးစစ်ဆေးမှုတွေ ဧပြီလ ၆ ရက် နေ့ကရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနမှ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ပိုးတွေလူနာ ၁၃၉ဦးအထိရှိနေပြီး  အင်းစိန်မြို့နယ်အတွင်းက၄၂ ဦး ပိုးကူးစက်ခံထားရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက် စာရင်းများအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly