BBC Sport's ရဲ့ ပရိသတ်တွေက မဲပေးရွေးချယ်တဲ့ ၂၀၁၉-၂၀ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အဓိကအကောင်းဆုံးဆုတွေကို လီဗာပူးလ်ကြယ်ပွင့်တွေဖြစ်တဲ့ ဟန်ဒါဆန်၊ အာနိုးလ်နဲ့ နည်းပြ ယာဂန်ကလော့ပ်တို့ ရရှိခဲ့တယ်လို့ သိရပါတယ်။
လီဗာပူးလ်အသင်းဟာ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ် လိဂ်ဆုဖလားကို ပြန်လည်ရယူဖို့ အခွင့်အရေးအတွက် စိတ်ရှည်စွာ စောင့်ဆိုင်းနေရဆဲဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် အကြပ်အတည်းကြောင့် ကမ္ဘာတဝှမ်း ဘောလုံးပြိုင်ပွဲတွေ ရပ်တန့်နေရတာကြောင့်ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ဟာ လာမယ့်လမှာ ပြန်လည်စတင်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပြီး လီဗာပူးလ်အသင်းဟာ ဒီအပတ်မှာ တစ်ဦးချင်းစီသီးသန့် လေ့ကျင့်ခန်း ပြန်လည်စတင်ဖို့ ပြင်ဆင်တဲ့အနေနဲ့ Melwood လေ့ကျင့်ရေးကွင်းကို ဖွင့်လှစ်ခဲ့ပါတယ်။
Good choice. Congratulations @JHenderson https://t.co/EE4lxfcJPx
— Gary Lineker (@GaryLineker) May 7, 2020
ကြိုးကြာနီတို့ဟာ အမှတ်ပေးဇယားမှာ ဒုတိယနေရာက မန်ချက်စတာစီးတီးကို (၂၅)မှတ်အသာဖြင့် ထိပ်ဆုံးက ရပ်တည်နေပြီး ချန်ပီယံဖြစ်ဖို့ဆိုရင် နှစ်ပွဲသာ လိုအပ်တော့ပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီရာသီ လိဂ်ပြိုင်ပွဲမှာ ၂၉ ပွဲမှာ ၂၇ ပွဲွှထိ အနိုင်ရခဲ့ပြီး ဒါဟာ BBC Sport က ရွေးချယ်ရာမှာ အဓိက ကိန်းဂဏန်းတွေဖြစ်ပါတယ်။
အသင်းခေါင်းဆောင် ဟန်ဒါဆန်က ပရိသတ်တွေရဲ့ မဲပေးရွေးချယ်မှုရဲ့ ၂၃ ရာခိုင်နှုန်းကို ရရှိပြီးနောက် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။ အသင်းဖော် မာနေက မဲ ၁၇ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာမှာ ရပ်တည်ပြီး မန်စီးတီးရဲ့ ဒီဘရိုင်းနားက ၁၄ ရာခိုင်နှုန်းနဲ့ တတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။
ဒါ့အပြင် ညာနောက်ခံကစားသမား အာနိုးလ်က ဒီနှစ်ရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုကို မဲအပြတ်အသတ်နဲ့ ရရှိခဲ့ပါတယ်။
အသက် ၂၁ နှစ်ကစားသမားဟာ မန်ယူက မားကပ်ရှ် ရက်ရှ်ဖို့ဒ်ရဲ့ မဲ ၁၀ ရာခိုင်နှုန်းနဲ့ ယူနိုက်တက်ဂိုးသမား ဒင်းဟန်ဒါဆန်ရဲ့ မဲ ၉ ရာခိုင်နှုန်းတို့ထက် မဲအရေအတွက် ၄၇ ရာခိုင်နှုန်းအသာ ရရှိခဲ့တာပါ။
ကလော့ပ်ကလည်း တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို မဲ ၅၅ ရာခိုင်နှုန်းနဲ့ ရရှိခဲ့ပါတယ်။ ရှက်ဖီးအသင်းနည်းပြ ခရစ္စဝိုက်ဒါက မဲ ၂၅ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာမှာ ရပ်တည်ခဲ့တယ်လို့ သိရပါတယ်။
And the winner is....
The Premier League Manager of the Season - as voted for by you - is Liverpool's Jurgen Klopp.
He won with a whopping 55% of the votes, which is more than twice as many as second place.
Live: https://t.co/QDGhtu7wC2#bbcfootball pic.twitter.com/RDgyQcdg2n
— Match of the Day (@BBCMOTD) May 7, 2020
BBC က ရွေးချယ်တဲ့ တခြားဆုတွေအနက် အကောင်းဆုံးဂိုးဆုကိုတော့ တော့တင်ဟမ်တောင်ပံကစားသမား ဆွန်ဟောင်မင်က ဘန်လေနဲ့ ပွဲက သွင်းဂိုးနဲ့ ရရှိခဲ့ပြီး အကောင်းဆုံးကစားခေါ်ယူမှုဆုကိုတော့ ရှက်ဖီးယူနိုက်တက်အသင်းကနေ မန်ယူအသင်း အငှားခေါ်ယူခဲ့တဲ့ ဂိုးသမား ဒင်းန်ဟန်ဒါဆန်က ရရှိခဲ့ပါတယ်။
And the winner of the Goal of the Season award is...
Son Heung-min's exceptional effort against Burnley in December!
(As voted for by you with 28% of the overall tally.)
Live: https://t.co/QDGhtu7wC2#bbcfootball pic.twitter.com/uxj1HJ6hqo
— Match of the Day (@BBCMOTD) May 7, 2020
BBC ဟာ ၂၀၁၉-၂၀ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးအသင်းကိုလည်း ရွေးချယ်ပေးခဲ့ပြီး လီဗာပူးလ်အသင်းကစားသမား ၇ ဦးအထိ ပါဝင်ခဲ့ပါတယ်။ ဒီအကောင်းဆုံးအသင်းမှာ အံ့အားသင့်ဖွယ် ရွေးချယ်မှုအနေနဲ့ မန်ယူအသင်းအတွက် လိဂ် ငါးပွဲသာ ကစားခွင့်ရခဲ့တဲ့ ပေါ်တူဂီကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ် ပါဝင်နေခဲ့တာပါ။
Here is your #PremierLeague team of the season.
Live: https://t.co/5pTuGxh3zN #bbcfootball pic.twitter.com/qpQhwmF5P0
— Match of the Day (@BBCMOTD) May 7, 2020
BBC ရဲ့ Moment of the Season အဖြစ် ဒီရာသီပရီးမီးယားလိဂ်မှာ လီဗာပူးလ်အသင်းရဲ့ တစ်ပွဲတည်းသော ရှုံးပွဲဖြစ်တဲ့ ဝက်ဖို့ဒ် ၃-၀ လီဗာပူးလ်ပွဲကို ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။
And the winner of Signing of the Season is....@deanhenderson! Well done to the @SheffieldUnited 'keeper!
Live: https://t.co/QDGhtu7wC2#bbcfootball pic.twitter.com/hN1K1nN4Bw
— Match of the Day (@BBCMOTD) May 7, 2020