စားသောက်ကုန်သိုလှောင်ဖြန့်ဖြူးသည့်ဂိုထောင်နှစ်လုံးမီးလောင်ဆုံးရှုံး

စားသောက်ကုန်သိုလှောင်ဖြန့်ဖြူးသည့်ဂိုထောင်နှစ်လုံးမီးလောင်ဆုံးရှုံး
ဓာတ်ပုံ - ထွန်းထွန်းဝင်း ( မဇ္ဈိမ )

မေ ၅

ဒဂုံဆိပ်ကမ်းမြို့နယ် ၊ စက်မှုဇုန် (၁)ဦးခြိမ့် လမ်းနဲ့ မက္ခရာမင်းသားကြီး လမ်းထောင့်ရှိ စားသောက် ကုန် သိုလှောင်ဖြန့်ဖြူး သည့် Premium distributionစက်ရုံ ဂိုထောင်  မှာ မေလ ၅ ရက်နေ့ မွန်းလွဲပိုင်းက နှစ်နာရီကျော်ကြာအောင်မီးလောင်ကျွမ်းခဲ့သည်။နေ့လည်၁၂နာရီ၄၅မိနစ်ခန့်ကစတင်လောင်ကျွမ်းခဲ့ကာဂိုထောင်အတွင်းကစားသောက်ကုန်တွေမီးလောင်ကျွမ်းမှုကြောင့်လောင်ကျွမ်းမှုမြင့်မားခဲ့တာကိုလည်းတွေ့မြင်ရပါတယ်။

ဓာတ်ပုံ - ထွန်းထွန်းဝင်း ( မဇ္ဈိမ )

ယင်းမီးလောင်ကျွမ်းခဲ့သည့် Premium distributionစက်ရုံ ဂိုထောင် တွင် စားသောက်ကုန်ပစ္စည်းများဖြစ်သည့်တို့ကိုလောင်ဖြန့်ဖြူးသည့် အဆောက်အုံ ဖြစ်ကြောင်းသိရသည်။

ကနေဦးသိရသည့် သတင်းများအရ ဂိုထောင် နှစ်လုံး လုံးလောင်ကျွမ်းခဲ့တာ ဖြစ်ပြီး အဆိုပါဂိုထောင်ထဲမှ စားသောက်ကုန်ပစ္စည်းများအားလုံးမီးလောင်ကျွမ်းဆုံးရှုံးသွားတာကိုလည်းတွေ့မြင်ရပါတယ်။

ဓာတ်ပုံ - ထွန်းထွန်းဝင်း ( မဇ္ဈိမ )

သိုလှောင်ကုန်ပစ္စည်းအမည်များနှင့် ဆုံးရှုံးမှုတန်ဖိုးကိုမြန်မာနိုင်ငံမီးသတ်တပ်ဖွဲမှအချက်အလက်များစီစစ်လျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်အထိ ထိခိုက်ဒဏ်ရာရသူမရှိပေမရှိကြောင်း နှင့် မီးစတင်လောင်ကျွမ်းသည့်အကြောင်းကိုစုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

မီးသတ်ဦးစီးဌာန ၏ထုတ်ပြန်ချက်အရ မီးငြိမ်းသတ်ရာတွင် level 2 အဆင့်ရှိယာဉ်အုပ်စု သတ်မှတ်ခဲ့ပြီး ကြက်ခြေနီများ၊ ကယ်ဆယ်ရေးဝန်ထမ်းများ ပါဝင်ငြိမ်းခဲ့ရတယ်လို့လည်းသိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required