ကျန်းမာရေးဝန်ထမ်းများအတွက် Nike ကုမ္ပဏီက ဖိနပ်နှင့်ခြေအိတ်များလှူ

ကျန်းမာရေးဝန်ထမ်းများအတွက် Nike ကုမ္ပဏီက ဖိနပ်နှင့်ခြေအိတ်များလှူ

မေ ၅

အားကစားအသုံးအဆောင်ပစ္စည်းများထုတ်လုပ်သည့် Nike ကုမ္ပဏီသည် ချီကာဂို၊ လော့စ်အိန်ဂျလိစ်၊ မမ်ဖစ်၊ နယူးယောက်မြို့ နှင့် Veterans Health Administration အတွင်းရှိ  ဆေးရုံများနှင့် ကျန်းမာရေးစင်တာများရှိ ကျန်းမာရေးဝန်ထမ်းများအတွက် အထူးပြုလုပ်ထားသော  Air Zoom Pulse ဖိနပ်အရန်ပေါင်း ၃၀ ၀၀၀ လှူဒါန်းသွားမည်ဟု တနင်္လာနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

“ကျန်းမာရေးဝန်ထမ်းတွေကို ကျေးဇူးတင်ကြောင်း ပြောချင်လို့ ဒီလိုလှူဒါန်းဖို့ဖြစ်လာတာပါ။ Nike ရဲ့ အားကစားသမားတွေက ကျန်းမာရေးဝန်ထမ်းတွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်ရှိမှုကို အသိအမှတ်ပြုပါတယ် “ ဟု ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။

ဘာစီလိုနာ၊ ဘာလင်၊ လန်ဒန်၊ မီလန်၊ ပဲရစ်နှင့်ဘယ်လ်ဂျီယံတို့အပါအဝင် ဥရောပရှိ ဆေးရုံများသည်လည်း ဖိနပ်အရန်ပေါင်း ၂ ၅၀၀ ရရှိမည်ဟု ကုမ္ပဏီက ပြောကြားခဲ့သည်။

ထို့ပြင် လော့စ်အိန်ဂျလိစ်နှင့် နယူးယောက်မြို့ရှိ ကျန်းမာရေးဝန်ထမ်းများအတွက် ခြေအိတ်အရှည် အစုံပေါင်း ၉၅ ၀၀၀ ပေးပို့သွားမည်ဖြစ်သည်။

နယူးယောက်မြို့တော်ဝန် Bill de Blasio က "ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ဖို့ ရှေ့တန်းကနေ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးစောင့်ရှောက်မှု သူရဲကောင်းတွေကို ထောက်ပံ့ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်” ဟု ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required