လူဦးရေ ၁၀သိန်းကျော်နေထိုင်တဲ့ လှိုင်သာယာမြို့နယ်ဟာ ရွှေ့ပြောင်းလုပ်သားများ နှင့် အခြေခံလူတန်းစား အများဆုံးနေထိုင်နေကြပြီး ရပ်ကွက်တစ်ခုမှာ လူဦးရေ ၂သောင်းကနေ ၇သောင်းအထိ ရှိနေပါတယ်။
ဒါပေမယ့် ရပ်ကွက် ၄ခုမှာ ဈေးတစ်ခုဘဲရှိတဲ့အတွက် အဲ့ဒိဈေးတွေမှာ ပျံကျဈေးသည်တွေနဲ့ပြည့်နှက်နေတာကြောင့် တာဝန်ရှိသူတွေက လှိုင်သာယာမြို့နယ်အမှတ်(၁၈)ရပ်ကွက်အတွင်းမှာရှိတဲ့ ပျံကျဈေးသည်တွေကို မေလ ၃ရက် နံနက်ပိုင်းက ရွှေရင်အေးဈေးကို စတင်ပြောင်းရွှေ့နေရာချထားပေးခဲ့ပါတယ်။
Mizzimaသတင်းထောက် ထွန်းထွန်းဝင်းက တင်ဆက်ပေးထားပါတယ်။