ကြေးစားစစ်သားတွေရဲ့ ကျူးကျော်ဝင်ရောက်မှုကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့ဟု ဗင်နီဇွဲလား ထုတ်ပြန်

05 May 2020
ကြေးစားစစ်သားတွေရဲ့ ကျူးကျော်ဝင်ရောက်မှုကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့ဟု ဗင်နီဇွဲလား ထုတ်ပြန်

နိုင်ငံခြား ကြေးစားစစ်သားအဖွဲ့တစ်ဖွဲ့ မိမိတို့နိုင်ငံထဲ ကျူးကျော်ဝင်ရောက်ဖို့ လုပ်ခဲ့တာကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့ကြောင်း ဗင်နီဇွဲလား လက်ဝဲယိမ်း အစိုးရက မေလ ၃ ရက်မှာ ထုတ်ပြန်ပြောဆိုသွားခဲ့ပါတယ်။အဆိုပါ ကြေးစားစစ်သားအဖွဲ့ဟာ သမ္မတ နီကိုလပ်စ် မာဒူရိုကို ဖြုတ်ချဖို့ ရည်ရွယ်ပြီး အကြမ်းဖက်လုပ်ရပ်တွေ လုပ်မယ့် အကြံအစည်တွေ ရှိခဲ့တယ်လို့ ဗင်နီဇွဲလားအာဏာပိုင်တွေက ပြောပါတယ်။

တည်းဖြတ် - ပြည့်ဖြိုးအောင်

တင်ဆက် - ဆက်ဝေယံနိုင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required