လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နိုင်မှုအခြေအနေများ ယိုယွင်းပျက်စီးလာနေသော တရုတ်ပြည်ရှိ နိုင်ငံခြားမီဒီယာ

လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နိုင်မှုအခြေအနေများ ယိုယွင်းပျက်စီးလာနေသော တရုတ်ပြည်ရှိ နိုင်ငံခြားမီဒီယာ

မေ ၅

တရုတ်ပြည်တွင်းတွင်၎င်းတို့၏လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နိုင်မှုအခြေအနေများပျက်စီးယို ယွင်းလာနေကြောင်းကို ပေကျင်းအခြေစိုက်နိုင်ငံခြားသတင်းထောက်များကလပ်(FCCC) က ၂၀၁၉ အတွက် မီဒီယာလွတ်လပ်ခွင့်အစီရင်ခံစာတွင်ထည့်သွင်းဖော်ပြလိုက်သည်။ တရုတ်အ စိုးရသည် ဗီဇာကို နိုင်ငံခြားမီဒီယာများအားနှိမ်နင်းရာတွင် ဘယ်တုံးကနှင့်မတူအောင် လက် နက်အဖြစ် အသုံးပြုနေကြောင်းလည်း အဆိုပါအစီရင်ခံစာက စွပ်စွဲရေးသားထားသည်။

နိုင်ငံခြားသား သတင်းစာဆရာများအား ဒစ်ဂျစ်တယ်နည်းဖြင့်မျက်နှာမှတ်မိစေ သည့်စနစ် များအသုံးပြုကာ သူတို့၏အလုပ်များကိုဝင်ရောက်စွက်ဖက်နှောင့်ယှက်နေကြောင်းလည်းရေး သားထားသည်။ မှတ် သားထိုက် သည့်အချက်မှာ တရုတ်ပြည်နိုင်ငံခြားသတင်းထောက်များ ကလပ်ရှိမည်သည့်သတင်းထောက်ကမျှ၎င်းတို့၏လုပ်ငန်းခွင်အခြေအနေများတိုးတက်လာ ကြောင်းပြောကြားခြင်းမပြုခဲ့ကြသည့်အချက်ပင်ဖြစ်သည်။

ပါတီလမ်းစဉ်မူဝါဒအတိုင်းလိုက်နာဆောင်ရွက်ခြင်းမပြုသူများအားတရုတ်ပြည်ကမည်သို့မည် ပုံတိုင်းပြည်တွင်းမှနှင်ထုတ်ခဲ့သည့်အကြောင်းများကိုလည်း အထောက်အထားများဖြင့် အဆိုပါ နိုင်ငံခြားသတင်းထောက်များ ကလပ် အစီရင်ခံစာ ၂၀၁၉ တွင်ဖော်ပြရေးသားထားသည်။ ဥပမာ The Wall Street Journal သတင်းထောက် ချွန်ဟန်ဝုန် (Chun Han Wong) ကိုတရုတ်အာဏာ ပိုင်များကဗီဇာငြင်းပယ်ကာ ၂၀၁၉ ခုနှစ်ဩဂုတ်လတွင် တရုတ်ပြည်မကြီးအတွင်းမှနှင်ထုတ်ခဲ့ သည်။

ထို့ပြင်တရုတ်အာဏာပိုင်များသည် ဌာနေသတင်းထောက်အမြောက်အမြားကိုလည်း သက်တမ်းလျှော့ထားသောဗီဇာများကိုစံချိန်တင်ထုတ်ပေးခဲ့သည်။ ၂၀၂၀ နှစ်ဦးတွင် နိုင်ငံခြား သားသတင်းထောက် ၂ ဦးသည် သက်တမ်း တလသာရှိသည့်ဗီဇာကိုလက်ခံရရှိခဲ့သည်။ ၂၀၁၉ ခု နှစ်တွင်လည်း နိုင်ငံခြားသားသတင်းထောက်အနည်းဆုံး ၁၂ ဦးသည်သက်တမ်း ၆ လ သို့မ ဟုတ်ယင်းထက်နည်းသည့်ဗီဇာများကိုသာလက်ခံရရှိခဲ့သည်။ ယင်းသည်ထိုသို့ သက်တမ်းတို ဗီဇာများထုတ်ပေးခဲ့သည့် ၂၀၁၈ ကပမာဏထက် ၂ ဆများသည်။ တရုတ်နိုင်ငံတွင် ဌာနေသ တင်းထောက်များကိုပုံမှန်ထုတ်ပေးသည့်ဗီဇာသက်တမ်းမှာ ၁ နှစ်ဖြစ်သည်။ ယခုလိုဗီဇာသက် တမ်းလျှော့ပေးခံ ရသည့်သတင်းဌာနကြီးများထဲတွင် The New York Times, Wall Street Journal, BBC, Telegraph, The Globe and Mail, Le Monde, Sankei Shimbun နှင့် the Voice of America တို့ပါဝင်သည်။

ထို့ပြင်တရုတ်နိုင်ငံသည် သတင်းထောက်အသိအမှတ်ပြုခန့်အပ်လွှာများကိုလည်း လက် နက်သဖွယ်ဆက်လက်အသုံးပြုနေသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့်တရုတ်အစိုးရနှင့်နိုင်ငံခြားမီဒီ ယာများအကြားရှိနှင့်ပြီးဖြစ်သောတင်း မာမှုကိုပိုမိုဆိုးရွားလာစေခဲ့သည်။ Wall Street Journal တွင်လုပ်ကိုင်လျက်ရှိသောနိုင်ငံခြားသတင်းထောက် ၃ ဦးဖြစ်သည့် ဂျို့ချင်း၊ ချောက်တင် နှင့် ဖိလစ်ဝင် တို့ကိုထုတ်ပေးထားသာ ဗီဇာနှင့်နိုင်ငံခြားသားသတင်းထောက် အသိအမှတ်ပြုခန့် အပ်လွှာများကို ၂၀၂၀ ခုနှစ်ဖေဖော်ဝါရီလက ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း အစီရင်ခံစာတွင် ဆက်လက်ရေးသားထားသည်။

FCCC ကပြုလုပ်ခဲ့သောစစ်တန်းတွင် နိုင်ငံခြားသားသတင်းထောက် ၂၂ % သည်ယင်း တို့၏သတင်းထာက်ခန့်အပ်လွှာသက်တမ်းတိုးရာတွင် အခက်အခဲကြုံခဲ့ရကြောင်း ယင်းသည် ယမန်နှစ်က ၁၃% ထက်တက်လာခဲ့ ကြောင်းတွေ့ရှိမှုက ယခုကြုံတွေ့နေရသောအလားအလာ များဆက်လက်မှန်ကန်နေကြောင်းထောက်ခံဖော်ပြနေသည်။ ထိုသတင်းထောက်အားလုံးက သူ တို့ကြုံခဲ့ရသည့်အခက်အခဲများမှာ သူတို့သတင်းပေးပို့မှုများနှင့် ဆက်စပ်နေကြောင်းယုံကြည်နေ ကြသည်။ The New York Times ပေကျင်းဗျူရိုအကြီးအကဲ စတီဗင်လီးမိုင်ယားစ် (Steven Lee Myers) ကသတင်းထောက်များကိုနှင်ထုတ်ခြင်း၊ ဗီဇာသက်တမ်းများလျှော့ပစ်ခြင်းတို့ သည် အလွန်ထင်ရှားသောလက္ခဏာများဖြစ်ကြောင်းပြောသည်။ ထို့ပြင်တရုတ်အစိုးရ၏ထိုသို့ နိုင်ငံ ခြားသတင်းထောက်များကိုထိန်းချုပ်လိုသည့်ဆန္ဒသည်တရုတ်ပြည်သတင်းများကိုယင်းတို့အလို ကျသာဖော်ပြစေလို သည့်ရည်ရွယ်ချက်ဖြစ်သည်ဟုလည်းဆိုသည်။

ယခုနှစ် ၂၀၁၉ သည်တရုတ်ပြည်၏အရေးပါသည့်နှစ်ပတ်လည်နေ့များပြည့်နှက်နေ သည့်နှစ်ဖြစ်သည်။ ဇွန်လ ၄ ရက်နေ့သည် ထိန်အန်မင်ရင်ပြင်လူသတ်ပွဲ နှစ် ၃၀ ပြည့်နှစ်ပတ် လည်နေ့ဖြစ်သည်။ ဤအဖြစ်အပျက်သည် တရုတ်အာဏာပိုင်များကအပြည့်အဝ ဝန်ခံအသိအ မှတ်မပြုရသေးသည့်နိုင်ငံရေးအရ အလွန်အကဲဆတ်သောအဖြစ်အပျက်ကြီးဖြစ်သည်။ အောက် တိုဘာ ၁ ရက်နေ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်သည့် နှစ် ၇၀ ပြည့်နှစ်ပတ်လည် နေ့ဖြစ်သည်။ တရုတ်အစိုးရယင်းတို့၏အောင်မြင်မှုကြီးအဖြစ် ကျင်းပရန်စိတ်အားထက်သန် နေသည့်အခမ်းအနားကြီးလည်းဖြစ်သည်။ သို့သော် ထိုအဖြစ်အပျက်အခမ်းအနားကြီး နှစ်ခု အကြောင်းသတင်း ပေးပို့ရာတွင် FCCC သတင်းထောက်များအနေဖြင့် အတားအဆီးအနှောင့် အယှက်များကြုံတွေ့နေရဆဲဖြစ်သည်။ သတင်းအရင်းအမြစ်များကိုနှောင့်ယှက်ဟန့်တားသည့် နည်းလည်းအပါအဝင်ဖြစ်သည်။ ယခင်ကလည်း တရုတ်အစိုးရ၏တိုင်ကြားကန့်ကွက်ခံထားရ ဖူးသည့် နိုင်ငံခြားသားသတင်းထောက်များမှာ နှစ် ၇၀ ပြည့်အခမ်းအနားအတွက်သတင်းရယူ ရန်လိုအပ်သည့် သတင်းထောက်အသိအမှတ်ပြုလက်မှတ်များမရကြဘဲ အချို့ သတင်းဌာနကြီး များဆိုလျှင် တရုတ်အာဏာပိုင်များကသတင်းဌာနတခုလုံးကိုငြင်းပယ်ခြင်းခံကြရသည်။

နိုင်ငံခြားသတင်းထောက်များ၏လုပ်ငန်းလုပ်ကိုင်မှုကိုတားဆီးနှောင့်ယှက်ရာတွင် စောင့်ကြည့်ထောက်လှမ်းခြင်း၊ မျက်နှာမှတ်မိသည့်နည်းပညာများကိုအသုံးပြုခြင်း၊ ရုပ်ပိုင်းဆိုင် ရာစောင့်ကြည့်ခြင်းတို့ကိုပိုမိုအသုံးပြုလာ နေသည် ဟု အစီအရင်ခံစာကဆိုသည်။ တရုတ်အာ ဏာပိုင်များက ယင်းတို့၏အီးမေးလ်များနှင့်ဝှက်စာသွင်းစာပေးပို့ဆက်သွယ်သည့် အက်ပလီ ကေးရှင်းများကိုဖောက်ထွင်းဝင်ရောက်ကြည့်ရှုခြင်း တို့နှင့်ပတ်သက်၍လည်း ပေကျင်းအခြေ စိုက်နိုင်ငံခြားသားသတင်းထောက်များကအထောက်အထားများရယူစုဆောင်းခဲ့ကြသည်။ ထို အဖြစ်အပျက်များသည် တရုတ်ပြည်ရှိနိုင်ငံခြားသားသတင်းထောက်များအား ယင်းတို့၏လုပ် ငန်းလုပ်ဆောင်မှု များသာမက အိမ်များ ရုံးများကိုလည်းတရုတ်အစိုးရက နေရာအနှံ့အပြားတွင် ကြီးကြပ်ကြည့်ရှုနေသည့်အချက်များပင်ဖြစ်သည်။

၂၀၁၉ ခုနှစ်အတွင်းပေါ်ပေါက်ခဲ့သောနောက်ထပ် အကဲဆတ်သည့်သတင်းများမှာ ဟောင်ကောင်နှင့်ရှင်းကျန်တွင်ဆက်လက်ဖြစ်ပွားနေသောဆန္ဒပြပွဲများဖြစ်သည်။ ထိုသတင်း များကိုပေးပို့ရာတွင်လည်း နိုင်ငံခြားသတင်း ထောက်များသည် မျှော်လင့်ထားသည့်အတိုင်းပင် ခြိမ်းခြောက်မှုနှင့်တားဆီးနှောင့်ယှက်မှုများကြုံတွေ့ခဲ့ရသည်။ ယင်းတို့တွင် ပြည်တွင်းနှင့်နိုင်ငံ တကာနယ်နမိတ်များကျော်ဖြတ်ရာတွင် ၎င်းတို့ပိုင်ဆိုသည့်ပစ္စည်းများ သတင်းထောက်သုံး ပစ္စည်းများအား အတွင်းပိုင်းထိစစ်ဆေးခြင်းများလည်းပါဝင်သည်။

ဟောင်ကောင်ဆန္ဒပြပွဲများနှင့်စပ်လျဉ်းသည့်တရုတ်နိုင်ငံ၏ရပ်တည်ချက်ကိုဖော်ပြထား သည့် ၄၃ မျက်နှာရှိစာတန်းတစောင်ကို တရုတ်နိုင်ငံခြားရေးဌာန (MoFA) က ၂၀၁၉ ခုနှစ် ဩဂုတ်လတွင်ထုတ်ပြန်သည်။ ဟောင်ကောင်ဆန္ဒပြပွဲသတင်းများဖော်ပြရာတွင် ဤစာတန်းပါ အချက်များကိုလိုက်နာရန် နိုင်ငံခြားသတင်းထောက်များကိုညွှန်ကြားသည်။ MoFA ၏ညွှန်ကြား ချက်တွင် ယင်းတို့လုံးဝခွင့်မပြု သည်းမခံသည့် အချက်များ ပါဝင်သည်ဟု ပေကျင်းအခြေစိုက် နိုင်ငံခြားသတင်းထောက်တဦးကပြောသည်။ ယင်းတို့တွင် ဟောင်ကောင်နှင့်ရှင်းကျန်သတင်း များမကြာခဏပါဝင်သည်။ ထို့ပြင် သမ္မတရှီကျင်းဖင်နှင့်ပတ်သက်သည့် သတင်းများဖော်ပြရာ တွင်အချက်အလက်မမှန်မကန်ဖော်ပြထားသည်ဟု ယူဆပါက အဆိုပါနိုင်ငံခြားသတင်းဌာန သည် တရုတ်နိုင်ငံခြားရေးဌာနသာမက အခြားဝန်ကြီးဌာနများ၏ဒေါသနှင့်ပါ ရင်ဆိုင်ရနိုင် သည်ဟု သတိပေးထားသည် ဟုဆိုသည်။

တရုတ်သတင်းများရေးသားဖော်ပြနေသည့် နိုင်ငံခြားသတင်းထောက်များအတွက်စိန် ခေါ်ချက်မှာ နိုင်ငံတကာမီဒီယာအဖွဲ့အစည်းကြီးများနှင့်လုပ်ကိုင်နေကြသည့် တရုတ်သတင်း ထောက်များမှာလည်း သူတို့အတိုင်းပင် ခြိမ်းခြောက်မှုနှင့်နှောင့်ယှက်မှုများကိုပိုမိုကြုံတွေ့လာရ ခြင်းပင်ဖြစ်သည်။ ယင်းတို့တွင် ထိန်းသိမ်းခံရခြင်းနှင့် စစ်ကြောမေးမြန်းခံရခြင်းတို့လည်း ပါ ဝင်သည်။ တရုတ် ပုဂ္ဂလိကပိုင်မီဒီယာများနှင့် အစိုးရပိုင်မီဒီယာ များအားလုံးသည် အစိုးရ၏ အနီးကပ်ထိန်းချုပ်မှုအောက်တွင်ရှိသည်။ သတင်းထောက်နှင့် ဘလော့ဂါ ၁၂၀ ကျော်မှာ ယင်း တို့၏အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရသည့်အခြေအနေများတွင် ထိန်းသိမ်းခံနေရသည်။ အင်တာနက်အသုံးပြုမှုကိုပိုမိုထိန်းချုပ်လာသည့်အခြေအနေအောက်တွင် လူမှုကွန်ရက်တွင် တင်ထားသောသတင်းတပုဒ် သို့မဟုတ် သတင်းပေးပို့ဆက်သွယ်သည့်ဝန်ဆောင်မှုများ တွင် ဖော်ပြထားသောသတင်းများကို မှတ်ချက်ပေးမိရုံ သို့မဟုတ် မျှဝေရုံမျှဖြင့် တရုတ်နိုင်ငံသား များသည်အကျဉ်းချခံရနိုင်သည်အထိအန္တရာယ်ရှိသည်။
FCCC နှစ်ပတ်လည်အစီရင်ခံစာပါ အဓိကအချက်များ

  •  ၅၅% သောဖြေဆိုသူများက လုပ်ငန်းခွင်အခြေအနေများဆိုးရွားယိုယွင်းလာ ကြောင်းပြောဆိုကြသည်။
  • သတင်းပေးပို့ရာတွင် ဝင်ရောက်စွက်ဖက်မှု၊ နှောင့်ယှက်ဟန့်တားမှု သို့မဟုတ် အကြမ်းဖက်မှုများကို တွေ့ကြုံခဲ့ရကြောင်း ၈၂% သောဖြေဆိုသူများကပြော သည်။
  • သူတို့၏တရုတ်နိုင်ငံသားလုပ်ဖော်ကိုင်ဖက်များသည် တားဆီးနှောင့်ယှက်မှုကို အနည်းဆုံးတကြိမ်ကြုံတွေ့ခဲ့ကြရသည်ဟု  ၄၄% သောဖြေဆိုသူများကပြော သည်။
  • ဒစ်ဂျစ်တယ်နှင့်ရုပ်ပိုင်းဆိုင်ရာစောင့်ကြည့်ထောက်လှမ်းခံရခြင်းသည် ယင်းတို့ သတင်းပေးပို့ရာ၊ တွေ့ဆုံမေးမြန်းခြင်းပြုလုပ်ရာ၊ သတင်းရင်းမြစ်များနှင့်ဆက် သွယ်ရာတွင် စိုးရိမ်ပူပန်မှုကိုဖြစ်ပေါ်စေသည်ဟု ၄၃% သောဖြေဆိုသူများက ပြောသည်။
  • တွေ့ဆုံမေးမြန်းခြင်းများကိုပယ်ဖျက်ခြင်း သို့မဟုတ် ပြန်လည်ရုပ်သိမ်းခြင်းတို့ သည် တရုတ်အာဏာပိုင်များ၏အရေးယူဆောင်ရွက်မှုကြောင့်ဖြစ်ရကြောင်း သူတို့သိရှိသည် သို့မဟုတ် ယုံကြည်သည်ဟု ၇၀% သောသတင်းထောက်များက အစီရင်ခံသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required