အိန္ဒိယ၌ ယမကာဆိုင်များပြန်ဖွင့်ရာ လူစုလူဝေးဖြစ်ပေါ်၍ ဆိုင်အချို့ ပြန်ပိတ်ခိုင်း

အိန္ဒိယ၌ ယမကာဆိုင်များပြန်ဖွင့်ရာ လူစုလူဝေးဖြစ်ပေါ်၍ ဆိုင်အချို့ ပြန်ပိတ်ခိုင်း

မေ ၅

အိန္ဒိယနိုင်ငံတွင် သီးသန့်ဈေးဆိုင်များနှင့် ရုံးခန်းများကို ပြန်ဖွင့်ခွင့်ပေးသည့် လမ်းညွှန်ချက်အသစ်များသည် မေ ၄ ရက်တွင် အသက်ဝင်ခဲ့ပြီဖြစ်သည်။

ယစ်မျိုးခွန်သည် အဓိကဝင်ငွေတစ်ရပ်ဖြစ်နေသည့်အတွက် ပြည်နယ်များက ယမကာအရောင်းဆိုင်များကို ပြန်ဖွင့်ရန် တွန်းအားပေးနေကြသည်။

သို့သော် အဆိုပါဆိုင်များတွင် ဝယ်ယူရန် တန်းစီဆောင့်ဆိုင်းနေကြသောလူများနှင့် လူစုလူဝေးဖြစ်နေပုံ ဗီဒီယိုဖိုင်များသည် အင်တာနက်တွင် ပျံ့နှံ့သွားခဲ့သည်။

တန်းစီနေသောဈေးဝယ်များကို ခြောက်ပေအကွာစီရပ်ရန် စည်းကမ်းသတ်မှတ်ထားပြီး ဆိုင်အတွင်းကိုလည်း ငါးဦးစီသာ ဝင်ခွင့်ပြုသည်။

ယမကာဆိုင်များပြန်ဖွင့်ခဲ့သည့်ပြည်နယ်များတွင် နယူးဒေလီလည်းအပါအဝင်ဖြစ်သည်။   နိုင်ငံ၏ တချို့နေရာများတွင်လည်း အလားတူ ဆိုင်ရှေ့  ကြိတ်ကြိတ်တိုး ဝယ်ယူနေကြောင်း သိရသည်။ ကာနာတာကာပြည်နယ်ရှိ ယမကာဆိုင်များရှေ့တွင်လည်း မနက်အစောကြီးကပင် လူများ တန်းစီစောင့်ဆိုင်းနေကြသည်ဟု ဆိုသည်။

ထိုသို့လူစုလူဝေးဖြစ်ပေါ်ခဲ့မှုကြောင့် အာဏာပိုင်များက အချို့ဆိုင်များကို ပြန်လည်ပိတ်ခိုင်းခဲ့ရသည်။

နယူးဒေလီပြည်နယ်ဝန်ကြီး Arvind Kejriwal က မြို့တော်တွင် ကန့်သတ်ချက်များဖြေလျှော့ရန် အချိန်ကျရောက်ပြီဖြစ်ကြောင်းနှင့် ကိုရိုနာဗိုင်းရပ်စ်နှင့်အတူ ရှင်သန်နေထိုင်ရန် သင်ယူကြရမည့်အချိန်ကျရောက်ပြီဖြစ် ကြောင်း ပြောခဲ့သည်။

ကန့်သတ်ပိတ်ဆို့မှုများကြောင့် စီးပွားရေး သိသိသာသာကျဆင်းလာခြင်းနှင့်အတူ တားမြစ်ကန့်သတ်ချက်များကို တစ်စိတ်တစ်ပိုင်းဖြေလျှော့ပေးရန် ဖိအားပေးလာမှုများလည်း ရှိလာခဲ့သည်။

သို့သော် တစ်ဦးနှင့်တစ်ဦး အကွာအဝေးအကန့်အသတ်ဖြင့်နေရန်မှာ စိန်ခေါ်မှုကြီးတစ်ခုဖြစ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly