နယ်စပ်၌ မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်

နယ်စပ်၌ မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်

မေ ၃

ကိုရီးယားကျွန်းဆွယ်ကို ပိုင်းခြားထားသော စစ်မဲ့ဇုန်တွင် မြောက်ကိုရီးယားဖက်မှ တောင်ကိုရီးယားဖက်သို့ သေနတ် အချက်ပေါင်းများစွာ လှမ်းပစ်ခတ်သဖြင့် စစ်တပ်က ပြန်လည်ပစ်ခတ်ခဲ့ရသည်ဟု တောင်ကိုရီးယားစစ်တပ်က ပြောသည်။

မြောက်ကိုရီးယားဖက်မှ ပစ်ခတ်မှုကြောင့် တောင်ကိုရီးယား နယ်ခြားစောင့် စခန်းတစ်ခု ထိမှန်ခဲ့သည်ဟု စစ်ဦးစီးချုပ်ရုံး ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အဆိုပါ ပစ်ခတ်မှုတွင် တောင်ကိုရီးယားဖက်၌ သေဆုံးထိခိုက်မှု မရှိဟု ယင်းထုတ်ပြန်ချက်တွင် ဆိုထားသည်။

“ကျွန်တော်တို့ စစ်တပ်က သေနတ် နှစ်ချက်ပစ်ဖောက် တုံ့ပြန်ခဲ့ပြီး သတိပေးချက် ထုတ်ခဲ့တယ်။”ဟု တောင်ကိုရီးယားဖက်က ပြောခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required