တရုတ်ရှိ အမေရိကန် ကုမ္ပဏီ ၁၀၀ ခန့် အိန္ဒိယသို့ ရွှေ့ပြောင်းရန် စိတ်အားထက်သန်

By Financial Express
03 May 2020
တရုတ်ရှိ အမေရိကန် ကုမ္ပဏီ ၁၀၀ ခန့် အိန္ဒိယသို့ ရွှေ့ပြောင်းရန် စိတ်အားထက်သန်

မေ ၃

COVID-19 ကပ်ဘေးကြောင့် တရုတ်တွင် ရှိနေသော အမေရိကန်ကုမ္ပဏီ ၁၀၀ နီးပါးသည် အိန္ဒိယနိုင်ငံ ဥတာပရာဒက်ရှ်ပြည်နယ်အား ၎င်းတို့၏ နေရာသစ်အဖြစ် အလေးအနက်ထား စဉ်းစားလျက် ရှိသည်။

အမေရိကန်-အိန္ဒိယ မဟာဗျူဟာမိတ်ဖက်ပြုမှု ဖိုရမ်၏ စီစဉ်မှုဖြင့် ဥတာပရာဒက်ရှ်ပြည်နယ်၏ အကြီးစား၊ အလတ်စားနှင့် အသေးစား စီးပွားရေးလုပ်ငန်းများ MSMEs တာဝန်ခံဝန်ကြီး နက်ရှ် ဆင်းချ်က အမေရိကန်ကုမ္ပဏီတာဝန်ရှိသူများနှင့် အင်္ဂါနေ့၌ webinar အွန်လိုင်းတွေ့ဆုံမှုမှတစ် ဆင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

အဆိုပါ ကုမ္ပဏီများမှ ကိုယ်စားလှယ်များသည် စိုက်ပျိုးရေး၊ လျှပ်စစ်၊ ဆေးဝါး၊ သိပ္ပံဆိုင်ရာ အခြေခံအဆောက်အအုံ၊ ထောက်ပံ့ပို့ဆောင်ရေး၊ ကာကွယ်ရေး၊ လေကြောင်းလိုင်းနှင့် အစားအစာ ထုတ်လုပ်ရေးကဏ္ဍများတွင် စိတ်ဝင်စားကြောင်းကို ပြသခဲ့သည်။

ထို ကုမ္ပဏီများတွင် Lockheed Martin၊ Adobe။ Honeywell။ Boston Scientific နှင့် Cisco Systems တို့အပြင် UPS နှင့် FedEx ကဲ့သို့သော တစ်ကမ္ဘာလုံးဆိုင်ရာ သယ်ယူပို့ဆောင်ရေးဝန် ဆောင်မှု ကုမ္ပဏီများပါ ပါဝင်ခဲ့သည်။

ကုမ္ပဏီအချို့က တရုတ်မှ ထွက်ခွာပြီး အိန္ဒိယအပါအဝင် ရင်းနှီးမြုပ်နှံမှု နေရာသစ်ကို ရှာဖွေရန် စိတ်ဝင်တစား ရှိနေကြောင်းကို ပြသခဲ့သည်။

“ဥတာပရာဒက်ရှ်ပြည်နယ်က ရင်းနှီးမြုပ်နှံမှု အခွင့်အလမ်းတွေကို သူတို့နဲ့ ကျွန်တော်တို့ ဆွေးနွေး ခဲ့ကြတယ်။ ပြည်နယ်မှာ MSMEs လုပ်ငန်းပေါင်း သိန်း ၉၀ ကျော် ရှိနေပြီး ကျွမ်းကျင်လုပ်သား တွေ ရှိကြောင်း သူတို့ကို ပြောပြခဲ့တယ်။ ပြည်နယ်မှာ တည်ငြိမ်တဲ့ အုပ်ချုပ်ရေးနဲ့အတူ လမ်းပန်း ဆက်သွယ်ရေး၊ ရေပေးဝေရေး၊ ဆည်မြောင်းရေသွယ်စနစ်နဲ့ ၂၄ နာရီ လျှပ်စစ် ဓာတ်အား ရရှိမှု စတဲ့ အခြေခံအဆောက်အအုံတွေ အားကောင်းစွာ ရှိနေတယ်။ ဥတာပရာဒက်ရှ်ပြည်နယ်ဟာ နိုင်ငံရဲ့ အကြီးဆုံး ပြည်နယ်တွေမှာ ဖွံ့ဖြိုးမှုလမ်းကြောင်းပေါ် ရှေ့တန်းက ပြေးနေတဲ့ ပြည်နယ် တစ်ပြည်နယ်ပဲ ဖြစ်တယ်။”ဟု ဝန်ကြီး ဆင်းချ်က ပြောသည်။

ဝန်ကြီးနှင့်အတူ စက်မှုဖွံ့ဖြိုးရေးကော်မရှင်နာမင်းကြီးနှင့် MSME နှင့် ပို့ကုန်ကဏ္ဍ အတွင်းဝန်ချုပ် တို့အပါအဝင် အကြီးတန်းတာဝန်ရှိသူများပါ ပါဝင်ပြီး အမေရိကန်ကုမ္ပဏီများနှင့် ဆွေးနွေးခဲ့ကြ ခြင်းဖြစ်သည်။ ပြည်နယ်အစိုးရသည် အဓိကအားဖြင့် ကာကွယ်ရေး၊ ဆေးဝါးထုတ်လုပ်ရေး၊ အစားအစာထုတ်လုပ်ရေး၊ လျှပ်စစ်ပစ္စည်းထုတ်လုပ်ရေးနှင့် ပညာရေးစသည့် နယ်ပယ်များအ တွက် မူဝါဒ ၂၁ ချက် ချမှတ်ဖော်ဆောင်လျက် ရှိသည်ဟု ၎င်းတို့က အမေရိကန်ကုမ္ပဏီများအား ပြောကြားခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required