၀န်ကြီးချုပ်ဟောင်း သူရဦးထွန်းတင်ကွယ်လွန်

၀န်ကြီးချုပ်ဟောင်း သူရဦးထွန်းတင်ကွယ်လွန်

မေ ၁

မြန်မာနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သူရဦးထွန်းတင် (အသက် ၁၀၀) ယနေ့နံနက်ပိုင်းတွင် ကွယ်လွန်သည်။
 
အင်းစိန်တိုက်ပွဲတွင် သူရဘွဲ့ရခဲ့သော သူရဦးထွန်းတင်သည် ၁၉၈၈ ခုနှစ်က လအနည်းငယ်ကြာ ဝန်ကြီးချုပ်ဖြစ်ခဲ့သည်။

လမ်းစဉ်ပါတီဉက္ကဋ္ဌ ဦးနေဝင်း၏ လူယုံတစ်ဦးဖြစ်သော သူရဦးထွန်းတင်သည် ၁၉၈၈ ခုနှစ် မတ်လနှင့် ဇွန်လအတွင်းဖြစ်ပွားခဲ့သော လူထုအုံကြွမှုဖြစ်ပွားခဲ့ရခြင်းနှင့်ပတ်သက်၍တာဝန်မကင်းဟုဆိုကာ ဦးနေဝင်းက ပါတီဥက္ကဌအဖြစ်နှင့် ပါတီဝင်အဖြစ်မှ နှုတ်ထွက်ရာတွင် သူနှင့်အတူ  ဦးစန်းယု၊ ဦးအေးကို၊ ဦးစိန်လွင်၊ သူရဦးထွန်းတင်နှင့် သူရကျော်ထင်တို့ကလည်း ပါတီမှ နှုတ်ထွက်လွှာတင်ထားသည်ဟုပါ ပြောကြားခဲ့သည်။

စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် အရေးပေါ် အစည်းအဝေးက သူရဦးထွန်းတင် အား ဒုဝန်ကြီးချုပ်ရာထူးမှသည် ဝန်ကြီးချုပ် အဖြစ်သို့ ရွေးချယ်တင်မြှောက်ခဲ့သည်။  
 
အချိန်တိုတိုအတွင်း နောက်ထပ်  သမ္မတနှစ်ဆက်ပြောင်းသည့်တိုင် ဝန်ကြီးချုပ်ရာထူးတွင် ဆက်လက်တည်ရှိနေခဲ့သေးသည်။ သို့သော် စက်တင်ဘာလတွင် လွှဲပြောင်းသည့် တပ်မှအာဏာသိမ်းမှုတွင်တော့ ရာထူးအဆုံးသတ်သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly