မြန်မာအလုပ်သမားများအတွက် အလုပ်လုပ်ခွင့်ပါမစ် ရအောင် လာဘ်စားကာ လုပ်ပေးနေသူ အမျိုးသား၊ အမျိုးသမီး စုံတွဲအား ထိုင်းရဲဖမ်းဆီး

မြန်မာအလုပ်သမားများအတွက် အလုပ်လုပ်ခွင့်ပါမစ် ရအောင် လာဘ်စားကာ လုပ်ပေးနေသူ အမျိုးသား၊ အမျိုးသမီး စုံတွဲအား ထိုင်းရဲဖမ်းဆီး

ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများအတွက် အလုပ်လုပ်ခွင့်ပါမစ် ထပ်ရရန် လူစုဆောင်းသည့် ကုမ္ပဏီများမှ လာဘ်ငွေယူ လုပ်ဆောင်ပေးလျက်ရှိသူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးအား ရာဇဝတ်မှုနှိမ်နှင်းရေးရဲတပ်ဖွဲ့ CDSက ဖမ်းဆီးခဲ့သည်။

အသက် ၅၂ နှစ်ရှိ အာကွန်ကရိုင်လက်နှင့် ၎င်း၏ တွဲဖော်တွဲဖက်ဖြစ်သူ အသက် ၆၂ နှစ်ရှိ အမျိုးသမီးဖြစ်သူ အပင်ယာမီဆွမ်မွန်တို့နှစ်ဦးအား ပတ်သမ်သာနီရှိ ၎င်းတို့အိမ်တွင် နိုဝင်ဘာ ၃ ရက် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၄ ရက်တွင် ၎င်းတို့နှင့်အတူ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် အလုပ်ပါမစ် ထပ်လျှောက်ရန် တစ်ဦးလျှင် ဘတ်ငွေ ၂၅၀ နှုန်း ၎င်းတို့နှစ်ဦးက တောင်းယူနေသည်ဟု ကုမ္ပဏီတစ်ချို့ရဲ့ တိုင်ကြားမှုများ တက်လာပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးအရေးယူရခြင်းဖြစ်ကြောင်း CSD တပ်မှူး အက်ကာရာဒက်ပီမိုသရီက ပြောသည်။

ယခုဖမ်းဆီးထားသူနှစ်ဦးတို့က ယင်းသို့ ငွေတောင်းခံခြင်းသည် ဌာနဆိုင်ရာများအတွက် ပေးရန်ဖြစ်ကြောင်း၊ ပါမစ်အဆင်ပြေပြေရရှိရေးအတွက် တောင်းခံရခြင်းဖြစ်ကြောင်း အခိုင်အမာငြင်းဆိုထားသည်။
Ref: Bangkok Post

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required