ဘောလိဝုဒ်မင်းသားကြီး Irrfan Khan ကွယ်လွန်

ဘောလိဝုဒ်မင်းသားကြီး Irrfan Khan ကွယ်လွန်

ဧပြီ ၂၉

ကင်ဆာရောဂါခံစားနေရသော ကမ္ဘာကျော်ဘောလိဝုဒ်ရုပ်ရှင်မင်းသားကြီး Irrfan Khan သည်  ဗုဒ္ဓဟူးက ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း မွန်ဘိုင်းဆေးရုံ Kokilaben Dhirubhai Ambani က အတည်ပြုပြောကြားခဲ့သည်။ Irrfan ဟာ ၂၀၁၈ ခုနှစ်ကလည်း ခွဲစိတ်ကုသမှုလုပ်ခဲ့ရသေးသည်။

ရုပ်ရှင်ထုတ်လုပ်သူနှင့် ဒါရိုက်တာဖြစ်သူ Shoojit Sircar က Irrfan အတွက် အမြဲဂုဏ်ယူနေကြောင်းနဲ့မိသားစုနဲ့ထပ်တူဝမ်းနည်းကြောင်း တွစ်တာတွင် ရေးသားခဲ့သည်။

Irrfan သည် Life of Pi , Slumdog Millionaire နှင့် The Mighty Heart and Jurrassic World ဇာတ်ကားများဖြင့်လည်း ကမ္ဘာကျော်ခဲ့သူဖြစ်သည်။

သူ၏နောက်ဆုံးရုပ်ရှင် Angrezi Medium မထွက်မီကလည်း လူတစ်ဦးတစ်ယောက်က အကောင်းမြင်ဝါဒထားရန်ကလွဲပြီး တခြားရွေးချယ်စရာမရှိကြောင်းနဲ့ ထိုရုပ်ရှင်က ရယ်မောပျော်ရွှင်ခြင်းနှင့်ဝမ်းနည်းခြင်းနှစ်မျိုးစလုံး ပေးစွမ်းနိုင်ကြောင်းပြောခဲ့သည်။

Irrfan ၏ ပွဲဦးထွက် Salaam Bombay ဇာတ်ကား အပါအဝင် Maqbool(၂၀၀၄)၊  Paan Singh Tomar (၂၀၁၁) ၊ The Lunchbox (၂၀၁၃) ၊ Haider (၂၀၁၄) ၊  Gunday (၂၀၁၄)၊  Piku  (၂၀၁၅) Talvar (၂၀၁၅) နှင့် Hindi Medium (၂၀၁၇) ဇာတ်ကားများမှာ ပရိသတ်များအကြား ရေပန်းစားခဲ့သည်။

"ကျွန်တော်ယုံကြည်ပါတယ်၊ ကျွန်တော် အရှုံးပေးလိုက်ပြီးပြီ" အဲဒါကတော့ ကင်ဆာရောဂါကို ခုခံတွန်းလှန်ရင်း သူရေးခဲ့တဲ့ စိတ်နှလုံးထိခိုက်ဖွယ်ရာ စာစုကို ၂၀၁၈ ခုနှစ်က ရေးခဲ့တာပါ။ ပိတ်သားပြင်ပေါ်မှာ စကားနည်း နည်း၊ မျက်လုံးနက်နက်နဲ့ သရုပ်ဆောင်ချက်တွေနဲ့ ဖော်ပြတတ်တဲ့ သူလို သရုပ်ဆောင်မျိုးကတော့ ရှားပါးလွန်းပါတယ်။ အလွယ်တကူအရှုံးမပေးတတ်တဲ့သူ သူနဲ့နီးနီးကပ်ကပ်နေဖူးသူတိုင်း သူ့ကို အားကျလေးစားသွား စေတဲ့သူဟာ ၂၀၁၈ ခုနှစ်မှာ မိုးကြိုးပစ်သလို သတင်းဆိုးတစ်ခုကိုသိလိုက်ရပါတယ်၊ အဲဒါကတော့ အဖြစ်နည်းတဲ့ ကင်ဆာတစ်မျိုး သူ့ဆီမှာဖြစ်နေတာပါ။ သူပြောခဲ့သလို ပြန်ပြောရရင် " ဘဝနဲ့ပတ်သက်ပြီး ပထမဆုံး မြည်းစမ်းကြည့်ဖူးတာပဲ၊ လျို့ဝှက်ဆန်းပြားတဲ့ တစ်ခြားတစ်ဘက်ပေါ့"တဲ့။

သူ့ကို အိန္ဒိယနိုင်ငံ ရဂျာစတန်မှာ ဇန်နဝါရီ ၇ ရက်၊ ၁၉၆၇ ခုနှစ်က မွေးပါတယ်။ နာမည်အပြည့်အစုံကဆဟတ်ဘ်ဇဒီ အီဖန် အလီ ခမ်းဖြစ်ပါတယ်။ ဒါပေမယ့် ရိုက်ကွင်းမှာတော့ သူ့ကို အီဖန်လို့ပဲ ခေါ်ပါတယ်။ သူဟာ မဟာဘွဲ့ဆည်းပူးပြီးတဲ့အခါမယ် နယူးဒေလီမှာ ရုပ်ရှင်ပညာလေ့လာပါတယ်။

၁၉၈၇ ခုနှစ်မှာ အဲဒီကနေ ဘွဲ့ရပြီးတော့ မွန်ဘိုင်းကို ပြောင်းရွှေ့ခဲ့ပြီး အိန္ဒိယရုပ်ရှင်ကားတွေနဲ့ အောင်မြင်ခဲ့ပါတယ်၊ နောက်ပိုင်းမှာတော့ အင်္ဂလိပ်ဘာသာပြန်ရုပ်ရှင်တွေဘက်ကိုကူးသွားခဲ့တာက သူ့ကို ပိုသိသွားစေခဲ့ပါတယ်။ သူအအောင်မြင်ဆုံးကားက Life of Pi ဖြစ်ပါတယ်။

သူဟာ ဇာတ်ရုပ်လုံးလုံးကွဲပြားတဲ့ သရုပ်ဆောင်ချက်အမျိုးမျိုးကို သရုပ်ဆောင်နိုင်သူလို့ ရုပ်ရှင်ဝေဖန်သူတွေက လက်ခံထားကြပါတယ်။ ရုပ်ရှင်ဆုတွေရတာကလည်း ၃၀ ကျော်ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly