အသက် ၉၁ နှစ်အရွယ် ကာယဗလလေ့ကျင့်ခန်းတွေလုပ်နေဆဲဖြစ်တဲ့ ‘မောင်ဗမာ’ ဦးစိန်မောင်

အသက် ၉၁ နှစ်အရွယ် ကာယဗလလေ့ကျင့်ခန်းတွေလုပ်နေဆဲဖြစ်တဲ့ ‘မောင်ဗမာ’ ဦးစိန်မောင်
Photos: Ye Aung Thu/AFP

တစ်ချိန်က နာမည်ကျော်ကြားခဲ့တဲ့ မောင်ဗမာ ဦးစိန်မောင်ဟာ အသက် ၉၁ နှစ်အရွယ်အထိ ကာယဗလလေ့ကျင့်ခန်းတွေလုပ်နေဆဲဖြစ်ပါတယ်။

ဦးစိန်မောင်ဟာ တပ်သင်တန်းဆင်းပွဲပြီးတဲ့နောက် ကာယဗလမောင်ပြိုင်ပွဲဝင်ရောက်ရာကနေ အားကကစားလောကထဲရောက်ရှိလာတာဖြစ်ပါတယ်။ ၁၉၅၈ ခုနှစ်မှာ အိုလံပစ်မောင်ဆုကို ရရှိခဲ့ပြီး နောက်တစ်နှစ် ၁၉၅၉ ခုနှစ်မှာ မောင်ဗမာဆုကို ထပ်မံဆွတ်ခူးရရှိခဲ့ပါတယ်။

ဦးစိန်မောင်ဟာ ဘာသာတရားကိုင်းရှိုင်းပြီး ကိုယ်ခန္ဓာကြံ့ခိုင်အောင်နေတဲ့အတွက် ကျန်းမာနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ မွေးချင်းညီအစ်ကိုတွေဟာ အသက် ၇၀ လောက်မှာ သေဆုံးသွားကြပေမယ့် သူကတော့ အခု ၉၁ နှစ်အထိ ကျန်းမာကြံ့ခိုင်နေဆဲပါ။

ဦးစိန်မောင်ဟာ သူ့ရဲ့မွေးရပ်မြေ ဧရာဝတီတိုင်းက ရွာလေးမှာ နေခဲ့စဉ် ဆယ်ကျော်သက်အရွယ်ကလည်း လေးလံတဲ့ သစ်လုံးတွေကို ထမ်းခဲ့ဖူးတယ်လို့သိရပါတယ်။

၁၉၆၀ ခုနှစ်လောက်မှာတော့ ဦးစိန်မောင်ဟာ မောင်ဗမာအဖြစ် နာမည်ကျော်ကြားလာခဲ့ပြီး ရုပ်ရှင်နှစ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ မယ်ဗမာပြိုင်ပွဲဝင်မယ့်သူတွေအတွက်လည်း နည်းပြလုပ်ပေးခဲ့ပါတယ်။

၁၉၆၂ ခုနှစ်မှာ ရန်ကုန်မြို့မှာ အားကစားလေ့ကျင့်ရေးစင်တာဖွင့်ခဲ့ပြီး ဒီနေ့အချိန်ထိ သင်တန်းပေးနေဆဲဖြစ်ပါတယ်။

ကိုယ်ကာယသင်တန်းမှာ ပြီးခဲ့တဲ့နှစ်တွေက လူ ၁၀၀၊ ၂၀၀ လောက်ရှိခဲ့ပေမယ့် စနစ်တကျမလုပ်တဲ့သင်တန်းသားတွေကို  စိတ်လိုက်မာန်ပါပြောမိတာတွေကြောင့် သင်တန်းသား အနည်းငယ်ပဲ ရှိတော့တယ်လို့ ဦးစိန်မောင်က ပြောပါတယ်။ သင်တန်းကြေးကိုလည်း အဓိကမထားပဲ တစ်လကို ၅၀၀၀ ကျပ်သာယူတယ်လို့သိရပါတယ်။

အခုအချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် အားကစားစင်တာတွေ ပိတ်ထားရပါတယ်။

ဦးစိန်မောင်က သက်ကြီးရွယ်အိုတွေဟာ နေဝင်ချိန်ရောက်နေပြီဆိုပေမယ့် သူဟာ အသက် ၉၀ ကျော်ပြီဖြစ်တာကြောင့် သေခြင်းတရားကို မကြောက်တော့ဘူးလို့ပြောပါတယ်။

 ဦးစိန်မောင်ဟာ နေ့စဉ်ဘုရားဝတ်ပြုကာ  ကိုယ်ခံအားစနစ်ကောင်းပြီးကျန်းမာအောင် ပရိုတင်းဓာတ်ပါဝင်တဲ့ အစားအစားတွေစားပြီး ကိုယ်ကာယလေ့ကျင့်ခန်းတွေ လုပ်နေဆဲဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly