ရီးယဲလ်အသင်း ခေါ်ယူချင်နေတဲ့ ဥရုဂွေးဘောလုံးကြယ်ပွင့်လေးရဲ့ စကေး

ရီးယဲလ်အသင်း ခေါ်ယူချင်နေတဲ့ ဥရုဂွေးဘောလုံးကြယ်ပွင့်လေးရဲ့ စကေး

ဖာကန်ဒို ပယ်လက်စထရီဆိုတဲ့ အသက် ၁၈ နှစ်အရွယ် တောင်ပံကစားသမားလေးဟာ ဥရုဂွေးနိုင်ငံရဲ႔ အကောင်းဆုံး ကစားသမားတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးခံရသူပါ။ တိုက်စစ်ကစားသမားကောင်းတွေ အမြဲထွက်လေ့ရှိတဲ့ ဥရုဂွေးနိုင်ငံရဲ့ ထုံးစံအရဆိုရင် တိုက်စစ်ကို ကောင်းကောင်းကစားနိုင်တဲ့ မျိုးဆက်သစ်တစ်ယောက် ထွက်ပေါ်လာဖို့ အချိန်ရောက်ပြီလို့ပဲ ဆိုရမလိုပါပဲ။ ဥရုဂွေးရဲ့နာမည်ကျော်တွေဖြစ်ကြတဲ့ ကာဗာနီ၊ ဆွာရက်ဇ် စတဲ့ တိုက်စစ်မှူးတွေ အသက်အရွယ် ရလာချိန်မှာ နိုင်ငံအသင်းရဲ့ အနာဂတ် တိုက်စစ်ကို ဦးဆောင်နိုင်တဲ့ တိုက်စစ်ကစားသမားမျိုး လိုအပ်လာခဲ့တာပါ။ အဲဒီအချိန်မှာ ဖာကန်ဒိုကို တွေ့ရှိခဲ့ကြတာပါပဲ။

အရပ် (၅)ပေ (၉)လက်မ ရှိပြီး အသက် ၁၈ နှစ်အရွယ်သာ ရှိသေးတဲ့ ဖာကန်ဒိုဟာ မန်ယူအသင်းတိုက်စစ်မှူးဟောင်း ဒီယေဂိုဖော်လန်ရဲ့ ကလပ်အသင်းမှာ ကစားနေသူပါ။ ဖော်လန်ဟာ ၂၀၂၀ ခုနှစ်မှာမှ ပီနာရိုအသင်းကို စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး သူ နည်းပြဘဝကို စတင်ခြေချလာချိန်မှာပဲ ဒီကစားသမားလေးရဲ့ ခြေစွမ်းကို သတိထားမိခဲ့တာပါ။

တောင်ပံတစ်လျှောက် အရှိန်နဲ့ပြေးနေတတ်သလို၊ ဘောလုံးစကေးလည်းကောင်းတဲ့ ကစားသမားလေးဟာ ဥရုဂွေးရဲ့အနာဂတ်ဖြစ်လာလိမ့်မယ်လို့ ဖော်လန်က တစ်ခါတည်း သုံးသပ်လိုက်ပါတယ်။ ဗီနီးစီးယပ်စ် ဂျူနီယာ ရိုဒရိုင်ဂိုတို့ကို ခေါ်ယူပေးထားတဲ့ ရီးယဲလ်ရဲ့ ကင်းထောက်အကြီးအကဲ ကာလာဖက် ကိုယ်တိုင် ပီနာရိုအသင်းဆီကို ရောက်လာခဲ့ပြီး သူ့ရဲ့ခြေစွမ်းကို လာရောက်ကြည့်ရှုခဲ့ရတဲ့အထိ ဖာကန်ဒိုက အစွမ်းပြနိုင်ခဲ့တာပါ။

သူက ပီနာရိုအသင်းအတွက် (၁၇)ပွဲကစားပြီး (၁)ဂိုးသာ သွင်းနိုင်ခဲ့ပေမယ့် သူ့ရဲ့နည်းစနစ်ပိုင်းနဲ့ ဘောလုံးပါရမီရှိမှုတွေကတော့ ပြောနေစရာတောင် မလိုပါဘူး။ ဒီကစားသမားလေးရဲ့တန်ကြေးက ပေါင် ၈ သန်း ဝန်းကျင်လောက်နဲ့ ရမယ့်အနေအထားဖြစ်ပြီး သူက ပီနာရိုအသင်းနဲ့ ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပါသေးတယ်။

ရီးယဲလ်အပြင် တခြား နာမည်ကြီးအသင်းတွေဖြစ်ကြတဲ့ မန်စီးတီ ၊ အက်သလက်တီကိုတို့ကလည်း ဖာကန်ဒိုအတွက် စိတ်ဝင်စားမှုကို ပြကြပါတယ်။ 

ဒါပေမယ့် ရီးယဲလ်အသင်းနဲ့ ပီနာရို အသင်းတို့ရဲ့ ဆက်ဆံရေးက အဲဒီအသင်းတွေထက် ပိုပြီး ကောင်းပါတယ်။ ရီးယဲလ်ရဲ့ ကွင်းလယ်မှာ လက်ရှိ ခြေစွမ်းပြနေတဲ့ ဗယ်လ်ဗာဒီဟာ ၂၀၁၆ ခုနှစ်မှာ ပီနာရိုအသင်းက ခေါ်ယူထားတဲ့ ကစားသမားဖြစ်လို့ ကစားသမား အရောင်းအဝယ် ကိစ္စတွေအကြောင်းပြောရင် ရီးယဲလ်နဲ့ ပီနာရိုအသင်းရဲ့ ဆက်ဆံရေးက တခြားအသင်းတွေထက် ပိုပြီးကောင်းတာကို တွေ့ရမှာပါ။

ဖာကန်ဒိုကို အာဂျင်တီးနားကွင်းလယ်လူဟောင်း ရီကွယ်မီး ကိုယ်တိုင်က ချီးကျုးထားပြီး ဒီကစားသမားလေးဟာ အနာဂတ်မှာ သေချာပေါက် အရေးပါလာမှာလို့ မှတ်ချက်ပေးခံထားရတာပါ။

ကဲ…ဖာကန်ဒိုရဲ့ ခြေစွမ်းကို သိချင်ရင် အောက်က ဗီဒီယိုလေးမှာ ကြည့်ရှုလို့ရပါတယ်နော်…။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required