အိန္ဒိယနိုင်ငံမှ ပြန်လာကာ သီတဂူဗုဒ္ဓတက္ကသိုလ်တွင် Quarantine နေထိုင်သည့် လူပုဂ္ဂိုလ်တွင် COVID-19 ရောဂါပိုးတွေ့ရှိ

အိန္ဒိယနိုင်ငံမှ ပြန်လာကာ သီတဂူဗုဒ္ဓတက္ကသိုလ်တွင် Quarantine နေထိုင်သည့် လူပုဂ္ဂိုလ်တွင် COVID-19 ရောဂါပိုးတွေ့ရှိ

ဧပြီ ၂၆

အိန္ဒိယနိုင်ငံမှ သီတဂူဆရာတော်က ပြန်လည်ခေါ်ဆောင်လာသော ၂၅၈ဦးထဲမှ သီတဂူဗုဒ္ဓတက္ကသိုလ်တွင် ၂၁ ရက် အသွားအလာကန့်သတ်စောင့်ရှောက်မှု Quarantine ထားရှိသည့် အသက် ၄၈နှစ်အရွယ် အမျိုးသားတစ်ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိသ ဖြင့် လိုအပ်သည်များကိုဆက်လက်လုပ်ဆောင်သွာမည်ဖြစ်ကြောင်း စစ်ကိုင်းမြို၊ အထွေထွေအုပ်ချုပ်မှုဦးစီးဌာန ကသိရပါတယ်၊

`` Quarantine ထားရှိတဲ့ထဲက သီတဂူဗုဒ္ဓတက္ကသိုလ်မှာ ထားရှိတဲ့ လူပုဂ္ဂိုလ် ၄၂ဦးထဲက အမျိုးသားတစ်ဦးမှာ COVID-19 ရောဂါပိုးတွေ့ရှိတာဖြစ်ပါတယ်၊ ကျန်မာရေးဦးစီးဌာန ညွှန်ကြားချက်အတိုင်းလိုအပ်တာတွေကိုလုပ် ဆောင်သွားမှာဖြစ်ပါတယ်၊`` ဟု အဆိုပါဌာနက တာဝန်ရှိသူဦးကျော်ခိုင်ထွန်းကပြောပါတယ်၊

COVID-19 ကြောင့် အိန္ဒိယနိုင်ငံမှာ စာပေသင်ကြားနေသော မြန်မာ့ရဟန်းတော်များ၊ သီလရှင်များနှင့် ဆေးကုသမှုခံယူနေသော လူပုဂ္ဂိုလ်များအား သီတဂူဆရာတော်ဘုရားကြီးအစီအစဉ်ဖြင့် ဧပြီ ၂၂ရက်နေ့က ခေါ်ယူခဲ့ပြီး စစ်ကိုင်းတောင်ရိုးရှိ သီတဂူဝိပသနာက္ကသိုလ်တွင် သီလရှင် ငါးပါး၊ လူ ၄၂ဦး၊ သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပသနာ တက္ကသိုလ်မှာ သံဃာတော် ၂၁၁ပါး စုစုပေါင်း ၂၅၈ပါးကို ၂၁ရက် Quarantine ထားရှိသည်။ ထိုထဲမှာ သီတဂူဗုဒ္ဓတက္ကသိုလိတွင် ထားရှိသည့်ထဲမှ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူ ကိုတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။

`` သီတဂူဗုဒ္ဓတက္ကသိုလ်မှာရှိတဲ့ သံဃာ ၂၁၁ပါးမှာ COVID-19 Positive ရှိတဲ့ သံဃာမရှိပါဘူး၊ ဒါပေမယ့် ၂၁ ရက် Quarantine ထားရှိရမယ်လို့ ဆရာတော်ဘုရားကြီး(သီတဂူဆရာတော်ကြီး)က မိန့်ပါတယ်၊ ဒါအပြင် ၂၁ ရက်ပြီးရင်လည်း သံဃာတော်နဲ့ လူပုဂ္ဂိုလ် ၂၅၈ဦးလုံးကို ဒေါ်လာ ၂၅၀ ထောက်ပံ့ပေးသွားမယ်လို့လည်း မိန့် ကြားထားပါတယ်၊``ဟု သီတဂူအပြည်ပြည်ဆိုင်ရာ ပိပသနာတက္ကသိုလ်အဝင်အထွက်တာဝန်ခံ ဆရာတော်ဦး ဝိမလက မိန့်ပါတယ်၊

စစ်ကိုင်းမြို့အတွင်းတွင် အတည်ပြုလူနာမှာ ပထမဆုံးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကနဦးအနေဖြင့် သီတဂူအပြည်ပြည် ဆိုင်ရာ ဝိပဿနာတက္ကသိုလ်ရှိ သံဃာတော်များအား နှာခေါင်း၊ အခေါင်းတိုးပတ်နမူနာတို့ကို ရယူကာ စတင်စစ် ဆေးခဲ့ရာ ပိုးမတွေ့ရှိခဲ့ကြောင်း၊ ဒုတိယအကြိမ်တွင် သီတဂူဗုဒ္ဓတက္ကသိုလ်တွင် ထားရှိသူများကို စစ်ဆေးခဲ့ရာ လူ ပုဂ္ဂိုလ်တစ်ဦးထံတွင် COVID-19 ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ထပ်မံ၍ စစ်ဆေးရန် ၄ဝဦးကျန်သေးကြောင်း သိရ ပါတယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly