အသင်းတွင်းပြင်သစ်စကားပြောခြင်းကို ဗီလာနည်းပြရီမီဂါဒီပိတ်ပင်

အသင်းတွင်းပြင်သစ်စကားပြောခြင်းကို ဗီလာနည်းပြရီမီဂါဒီပိတ်ပင်

နိုဝင်ဘာ ၄၊ ဘာမင်ဂမ် ။                 ။ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ပြင်သစ်လိဂ်-၁ မှကစားသမားလေးဦးကို အက်စတွန်ဗီလာအသင်းခေါ်ယူခဲ့သော်လည်း အသင်းတွင်း   ပြင်သစ်စကားပြောခြင်းကိုနည်းပြသစ် ရီမီဂါဒီက ပိတ်ပင်လိုက်သည်။

အမာဗီ၊ အယူး၊ ဗာရီတော့နှင့် ဂူရီတို့သည် နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ပြင်သစ်မှရောက်လာကြသူများဖြစ်သည်။ ပြင်သစ်လူမျိုး နည်းပြ ဂါဒီသည်လည်း ရာထူးမှထုတ်ပယ်ခံရသော တင်ရှားဝုဒ်နေရာ၌ သုံးနှစ်ခွဲစာချုပ်ဖြင့် တနင်္လာနေ့တွင် ခန့်အပ်ခံရသူဖြစ်သည်။

"အင်္ဂလိပ်စကားကို သူတို့မြန်မြန်သင်ရမယ်။ အဝတ်လဲခန်းထဲမှာ ဘယ်သူမှပြင်သစ်စကားပြောတာ မလိုချင်ဘူး"ဟု ဂါဒီက ပြောသည်။ ဂတ်စတက်ဒီနှင့် အန်ဇော့ဘီယာတို့သည်   ပြင်သစ်တွင်   မွေးဖွားခဲ့သူများဖြစ်ပြီး ဆန်းဒရို့စ်နှင့် ကားလို့စ်ဆန်းချက်ဇ်တို့သည်လည်း ပြင်သစ် စကားပြောနေကြသည်။

"တစ်ယောက်နဲ့တစ်ယောက်နားလည်ဖို့ သိပ်အရေးကြီးပါတယ်။ အင်္ဂလိပ်ကစားသမားတွေကလည်း အစပိုင်းမှာနားလည်အောင် ဖြည်းဖြည်း ပြောကြဖို့လိုပါတယ်။ လူတိုင်းအားစိုက်ရမယ်"ဟု ဂါဒီကပြောသည်။

Ref; bbc

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly