အင်စတာပရိသတ် ၁.၆ သန်းပြည့်သွားခဲ့လို့ ဝတ်လစ်စလစ်ပုံ တင်ခဲ့တဲ့ ဂါရေးရဲ့ ဇနီးသည်

အင်စတာပရိသတ် ၁.၆ သန်းပြည့်သွားခဲ့လို့ ဝတ်လစ်စလစ်ပုံ တင်ခဲ့တဲ့ ဂါရေးရဲ့ ဇနီးသည်

ဗလင်စီယာအသင်း နောက်ခံကစားသမား ဂါရေးရဲ့ ဇနီးသည်ဖြစ်တဲ့ မော်ဒယ် တာမာရာ ဂေါ်ရိုကတော့ သူမရဲ့  အင်စတာဂရမ်ပရိသတ်တွေကို ဝတ်လစ်စလစ်နဲ့ ဓာတ်ပုံတစ်ပုံ လက်ဆောင်ပေးလိုက်ပါတယ်။

ဂါရေးနဲ့ တာမာရာတို့ဟာ ၂၀၁၂ ခုနှစ်ကတည်းက လက်ထပ်ထားခဲ့ကြသူတွေဖြစ်ပြီး တာမာရာဟာ သူမရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေပေါ်မှာ ဒီလိုမျိုး ဝတ်လစ်စလစ်နဲ့ ပုံတွေတင်ရတာကို သဘောကျသူတစ်ယောက်ပါ။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ထဲမှာလည်း အဝတ်ဗလာနဲ့ပုံတွေ တင်ခဲ့ဖူးပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရယူခဲ့ပါသေးတယ်။

ဒီတစ်ကြိမ်မှာတော့ တာမာရာက ပရိသတ် (၁.၆)သန်း ပြည့်သွားတဲ့ အထိမ်းအမှတ် အောင်ပွဲခံတဲ့အနေနဲ့ အဝတ်ဗလာနဲ့ဓာတ်ပုံတစ်ပုံကို တင်ခဲ့တာဖြစ်ပြီး နောက်ကျောဖက်ကနေ ရိုက်ထားတဲ့ တာမာရာရဲ့ ဓာတ်ပုံကို ကြည့်ရှုသူ တစ်သန်းနီးပါး ရှိခဲ့ပါတယ်။

အဲဒီ ဓာတ်ပုံရဲ့ စာသားမှာတော့ (၁.၆)သန်းပြည့်သွားလို့ ကျေးဇူးတင်ကြောင်းနဲ့ သူမရဲ့ အင်စတာမိသားစုကြီးဟာ တစ်စထက်တစ်စ ကြီးထွားလာကြောင်းနဲ႔ အဲဒီအပေါ် ပျော်ရွှင်ရကြောင်း ရေးသားထားခဲ့တာပါ။

တာမာရာဟာ အသက် ၃၃ နှစ်အရွယ် ရှိပြီဖြစ်ပေမယ့်လည်း ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ် ကို ပိုင်ဆိုင်ထားဆဲဖြစ်ပြီး အောင်မြင်တဲ့ မော်ဒယ်တစ်ယောက်အဖြစ် ရပ်တည်နေဆဲပါ။

သူမရဲ့ အင်စတာဂရမ်မှာ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ လုပ်နေတဲ့ သူမရဲ့ ဗီဒီယိုတွေကို မကြာခဏ တွေ့ရပြီး အမြဲတမ်း ဖက်ရှင်ကျကာ ဆွဲဆောင်မှုရှိနေတဲ့ တာမာရာဟာ လေ့ကျင့်ရေးဆိုင်ရာ သင်တန်းတွေလည်း ပေးလေ့ရှိသူပါ။

 
 
 
 
 
 
 
 
 
 
 
 
 

JUEVES Espero que tengáis un precioso día familia virtual. #mamamolona #jueves #reto #

A post shared by Tamara Gorro (@tamara_gorro) on

တာမာရာဟာ ပြီးခဲ့တဲ့ လအတွင်းမှာတော့ ခင်ပွန်းသည် ဂါရေးကြောင့် စိတ်သောက ရောက်ခဲ့ရပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ပထမဆုံး လာလီဂါကားသမားဖြစ်လာခဲ့တဲ့ ဂါရေးဟာ တာမာရာကို သောက ပွေစေခဲ့တာပါ။

လက်ရှိအချိန်မှာတော့ ဂါရေးတစ်ယောက် ဗိုင်းရပ်စ်ကူးစက်ခံရမှုကနေ ပြန်လည်သက်သာလာခဲ့ပြီး လေ့ကျင့်ခန်း အစီအစဉ်တွေ ပြန်လည်လုပ်ကိုင်နေနိုင်ပါပြီ။

 
 
 
 
 
 
 
 
 
 
 
 
 

ORGULLOSA DE TI #mamamolona #sábado #love #

A post shared by Tamara Gorro (@tamara_gorro) on

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly