မြန်မာနိုင်ငံအထိ ဝန်ဆောင်မှုတွေ တိုးချဲ့လိုက်တဲ့ Apple

မြန်မာနိုင်ငံအထိ ဝန်ဆောင်မှုတွေ တိုးချဲ့လိုက်တဲ့ Apple
Photo: EPA

Apple ဟာ ၎င်းရဲ့ ဝန်ဆောင်မှုတွေကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်အထိ တိုးချဲ့လိုက်တယ်လို့ ကြေညာခဲ့ပြီး အခြားနိုင်ငံပေါင်း ၅၂ နိုင်ငံမှာ Apple Music ကိုလည်း ရရှိနိုင်တယ်လို့ zdnet က ဖော်ပြခဲ့ပါတယ်။

ဒီတိုးချဲ့လိုက်မှုကြောင့် Apple ဝန်ဆောင်မှုကို နိုင်ငံပေါင်း ၁၇၅ နိုင်ငံမှာ ရရှိမှာဖြစ်ပါတယ်။

အခုဆိုရင် App Store, Apple Arcade, Apple Music, Apple Podcasts, နှင့် iCloud တို့ကို မြန်မာနိုင်ငံမှာ ရရှိပြီဖြစ်ပါတယ်။

"Apple ရဲ့ ဝန်ဆောင်မှုများစွာကို အရင်ကထက် များပြားတဲ့ နိုင်ငံတွေက သုံးစွဲသူတွေကို ယူဆောင်ပေးရလို့ ကျနော်တို့ ဝမ်းသာပါတယ်။"လို့ Apple Music and International Content  ဖြစ်သူ Schusser က ပြောပါတယ်။

Apple ဟာ ခြောက်လကြာ အခမဲ့စမ်းသပ်အသုံးပြုလို့ရမယ့် Apple Music ကို တိုးချဲ့လိုက်တဲ့ နိုင်ငံပေါင်း ၅၂ နိုင်ငံက customer တွေကို ပေးဆောင်သွားမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required