COVID-19 ကာလမှာ ချစ်သူလေးနဲ့ အနားယူနေတဲ့ အာဆင်နယ်ဂိုးသမား လီနိုရဲ့ပုံရိပ်တွေ

COVID-19 ကာလမှာ ချစ်သူလေးနဲ့ အနားယူနေတဲ့ အာဆင်နယ်ဂိုးသမား လီနိုရဲ့ပုံရိပ်တွေ

အာဆင်နယ်အသင်းရဲ့ ဂိုးသမား လီနိုကတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မခံရဖို့ ရှောင်ရှားနေရစဉ် ကာလအတွင်း သူ့ရဲ့ချစ်သူလေးနဲ့ အချိန်ဖြုန်းနေခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်ကတည်းက လီနိုနဲ့ တွဲခုတ်ခဲ့တဲ့ ဆိုဖီ ခရစ္စတင်းဟာ အင်စတာဂရမ်မော်ဒယ် တစ်ယောက်ဖြစ်ပြီး လန်ဒန်မှာရှိတဲ့ လီနိုရဲ့ နေအိမ်ခြံဝန်းထဲမှာ နှစ်ယောက်သား အပန်းဖြေနေတဲ့ပုံတွေကို သူမရဲ့ အင်စတာဂရမ်မှာ တင်သွားခဲ့တာပါ။

 
 
 
 

 
 
 
 
 
 
 
 
 

Happy Easter

A post shared by Bernd Leno (@berndleno1) on

အသက် ၂၃ နှစ်အရွယ် ဆိုဖီဟာ အင်စတာဂရမ်မှာ ပရိသတ် (၆)သောင်းကျော်သာရှိပေမယ့် သူမက မော်ဒယ်တစ်ယောက်အနေနဲ့ နာမည်ရစပြုနေပါပြီ။

အာဆင်နယ်အသင်းသားတွေ ဒူဘိုင်းကို လေ့ကျင့်ရေးခရီးထွက်ကြတုန်းကလည်း ဆိုဖီဟာ လီနိုနဲ့အတူ လိုက်ပါလာခဲ့ပြီး ဒူဘိုင်းမှာ အချိန်ဖြုန်းခဲ့တာပါ။

 
 
 
 

 
 
 
 
 
 
 
 
 

garden workout done

A post shared by SOPHIE ♡ (@sophiechristin_) on

ဆိုဖီရဲ့ အင်စတာဂရမ်ပုံတွေမှာတော့ ခြံဝန်းအတွင်း ဘီကနီနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေ တွေ့ရသလို၊ ယောဂလေ့ကျင့်နေတဲ့ပုံတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

ခွေးချစ်သူတစ်ယောက်ဖြစ်တဲ့ လီနိုဟာ သူ့ရဲ့အိမ်မှာ ခွေးနှစ်ကောင်မွေးထားပြီး၊ တခြားမိသားစုဝင်တွေမရှိပဲ ဆိုဖီနဲ့ ခွေးနှစ်ကောင်ရယ်သာ သူ့ရဲ့မိသားစုအဖြစ် လန်ဒန်မှာ ရှိနေတာပါ။

 
 
 
 

 
 
 
 
 
 
 
 
 

staycation 2020

A post shared by SOPHIE ♡ (@sophiechristin_) on

အင်စတာဂရမ်မှာ တင်ထားတဲ့ လီနိုရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေမှာ အမြဲတမ်း ခွေးတစ်ကောင်ကတော့ ပါဝင်နေလေ့ရှိပြီး လီနိုဟာ သူ့ထက် (၅)နှစ်ငယ်တဲ့ချစ်သူ၊ ခွေးနှစ်ကောင်နဲ့အတူ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းနေတဲ့သူ လို့ ပရိသတ်တွေက မှတ်ချက်ပေးခဲ့ကြပါတယ်။

 
 
 
 

 
 
 
 
 
 
 
 
 

Home office #stayathome

A post shared by Bernd Leno (@berndleno1) on

လီနိုဟာ အာဆင်နယ်အသင်းရဲ့ လစာလျော့ယူဖို့ ညှိနှိုင်းမှုကို လက်ခံခဲ့တဲ့ ကစားသမား အနည်းငယ်ထဲမှာ ပါဝင်ခဲ့တယ်လို့ The Sun က ဖော်ပြပြီး တခြားကစားသမားတွေ လစာလျော့ယူဖို့ ငြင်းဆန်နေကြချိန်မှာ လီနို ကတော့ သဘောတူခဲ့တယ်လို့လည်း သတင်းတွေက ဖော်ပြနေပါတယ်။

လက်ရှိမှာတော့ အာဆင်နယ်အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေ ပြန်လည်စတင်တော့မယ့်အကြောင်း အသင်းတာဝန်ရှိသူတွေက ကြေညာထားပြီး ဧပြီလကုန်ပိုင်းလောက်မှာ လေ့ကျင့်ခန်းအစီအစဉ်တွေ ပြန်စနိုင်ဖို့ မျှော်လင့်နေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required