ထိုင်းတွင် အစုအဝေးဖြင့် အားကစားလုပ်သည့် မြန်မာများ အဖမ်းခံရ

ထိုင်းတွင် အစုအဝေးဖြင့် အားကစားလုပ်သည့် မြန်မာများ အဖမ်းခံရ

ဧပြီ  ၁၇ ၊ ၂၀၂၀

ထိုင်းနိုင်ငံတွင် အရေးပေါ် ပြဌာန်းထားသော လူစုလူဝေးပြုလုပ်ခြင်းကို တားမြစ်မိန့်ကို ချိုးဖောက်ကာ ဘောလီဘောနှင့် ခြင်းလုံး ကစားနေသည့် မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံသားတို့ကို ထိုင်းရဲများက ယမန်နေ့က ဖမ်းဆီးလိုက်သည်။

ထိုင်းနိုင်ငံ အလယ်ပိုင်းရှိ ပထုံဌာနီမြို့နယ်တွင် ဘောလီဘောနှင့် ခြင်းလုံး ကစားနေသည့် မြန်မာနိုင်ငံသား ၁၇ ဦးနှင့် ကမ္ဘောဒီး ယားနိုင်ငံ သား လေးဦးတို့ကို နယ်မြေခံ အာဏာပိုင်များ သတင်းပေးချက်အရ ဝင်ရောက်ဖမ်းဆီးခြင်း ဖြစ် ကြောင်း ထိုင်းဘာသာဖြင့် ထုတ်ဝေသော မန်နေဂျာ အွန်လိုင်းက ရေးသားထားသည်။
 

ဖမ်းဆီးခံရသူများသည် ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ်ကိုင်ခွင့် စာရွက်စာတမ်းများရှိ ကြသော်လည်း တရားမဝင် လောင်းကစားမှု၊ ထိုင်း နိုင်ငံတွင် COVID-19 ရောဂါ ထိန်းချုပ် ကာကွယ်ရန် အရေးပေါ်ပြဌာန်းထား ချက်များကို ကျူးလွန်မှုတို့ဖြင့် ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွား မည်ဖြစ် ကြောင်း သိရသည်။  

ထိုင်းနိုင်ငံ သကြန် ကာလအတွင် ရိုးရာဓလေ့ပွဲများနှင့် အစုအဝေး လှုပ်ရှားမှု တို့ကို ရှောင်ရန် ထိုင်း အာ ဏာပိုင်များက အမိန့်ထုတ်ပြန်ထားပြီး လိုက်နာခြင်း မရှိပါက ထောင်ဒဏ် ၂ နှစ် နှင့် ဒဏ်ငွေ ဘတ် ၄၀၀၀၀ တို့ကို ပေးဆောင်ရမည် ဖြစ်ကြောင်း ကြေညာထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required