ထိုင်ဝမ်နှင့် တရုတ် အထူးထိပ်သီးအစည်းအဝေးကျင်းပမည်

ထိုင်ဝမ်နှင့် တရုတ် အထူးထိပ်သီးအစည်းအဝေးကျင်းပမည်

ထိုင်ဝမ်သမ္မတ မာယင်ကျုးနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ လာမည့်နိုဝင်ဘာ ၇ ရက်တွင် စင်ကာပူ၌ တွေ့ဆုံကြမည်ဖြစ်ပြီး နှစ်နိုင်ငံကြား ခေါင်းဆောင်ချင်း ပထမဆုံး တွေ့ဆုံမှုဖြစ်သည်။

နှစ်ဖက်စလုံးက ထိုင်ဝမ်ရေလက်ကြားနှင့် ပတ်သက်ပြီး ကိစ္စရပ်များအပေါ် ဦးတည်ဆွေးနွေးကြမည်ဖြစ်သည်။

ကွန်မြူနစ်များကြောင့် ထိုင်ဝမ်ကျွန်းသို့ အမျိုးသားရေးအစိုးရ ထွက်ပြေးခဲ့ချိန် ၁၉၄၉ ခုနှစ်မှစကာ တရုတ်က ထိုင်ဝမ်အား ပိုင်ဆိုင်သည်ဟု အခိုင်အမာအတည်ပြုထားသည်။

သို့သော် ၂၀၀၈ တွင် သမ္မတမာယင်ကျုး တက်လာပြီးနောက် နှစ်ဖက်ဆက်ဆံရေး တိုးတက်လာခဲ့ခြင်းဖြစ်သည်။

တရုတ်က ထိုင်ဝမ်က ၎င်းပိုင်အဖြစ် အခိုင်အမာပြောထားပြီး မည်သည့် လွတ်လပ်ရေးလှုပ်ရှားမှုမျိုးကိုမဆို နှိမ်နင်းသွားမည်ဖြစ်ကြောင်း ခြိမ်းခြောက်ထားသည်။

Ref ; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required