အင်စတာဂရမ်မှာ ဘောလုံးစကေးပြိုင်ကြမ်းနေကြတဲ့ ပေါ့ဂ်ဘာနဲ့ အီဗရာဟီမိုဗစ်

အင်စတာဂရမ်မှာ ဘောလုံးစကေးပြိုင်ကြမ်းနေကြတဲ့ ပေါ့ဂ်ဘာနဲ့ အီဗရာဟီမိုဗစ်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝှမ်းက ဘောလုံးသမားတွေ အိမ်ထဲမှာ အောင်းနေကြရချိန်မှာ ပရိသတ်တွေနဲ့ ထိတွေ့နေနိုင်ဖို့ အိမ်တွင်း ဗီဒီယိုလေးတွေ ပြုလုပ်နေကြပါတယ်။ နာမည်ကျော် ဘောလုံးသမား တော်တော်များများက သူတို့ရဲ့ ဘောလုံးစကေးတွေကို ပြသပြီး ဗီဒီယိုလေးတွေ ဖန်တီးနေကြကာ သူတို့ရဲ့ ကျွမ်းကျင်မှုကို ပရိသတ်တွေသိအောင် ပြသသွားခဲ့ကြပါတယ်။

အခုလည်း မန်ယူအသင်းရဲ့ ကွင်းလယ်လူ ပေါ့ဂ်ဘာနဲ့ အေစီမီလန်တိုက်စစ်မှူး မိုဗစ်တို့နှစ်ယောက် ဖန်တီးခဲ့ကြတဲ့ စကေး ဗီဒီယို နှစ်ခုဟာ ပရိသတ်တွေကြားမှာ နာမည်ကြီးနေခဲ့တာပါ။

နှစ်ယောက်စလုံးက သူတို့ရဲ့ ဘောလုံးကျွမ်းကျင်မှုကို အခြေခံပြီး ခက်ခဲတဲ့ ဘောလုံးစကေးတွေကို ပြသခဲ့ကြတာပါ။ ဒါက လိုက်လံ တုပပြီးလုပ်ဖို့ လွယ်တဲ့ အလှပြမှုတစ်ခုလည်း မဟုတ်ဘူးလို့ ပရိသတ်တွေက မှတ်ချက်ပေးနေကြပြီး သူတို့နှစ်ယောက်ထဲမှာ ဘယ်သူက ပိုပြီး စကေးကြမ်းလည်းလို့ ပရိသတ်တွေက ငြင်းခုန်နေကြတာပါ။

ပေါ့ဂ်ဘာ တင်ထားတဲ့ ဗီဒီယိုဖိုင်ထဲမှာတော့ သားဖြစ်သူနဲ့အတူ လေ့ကျင့်နေတဲ့ ပေါ့ဂ်ဘာဟာ ဘောလုံးကို သူ့ရဲ့အနောက်ဖက်မှာရှိတဲ့ ဘက်စကက်ဘောပိုက်ထဲ ဝင်အောင်ထည့်ခဲ့တာဖြစ်ပြီး ဘောလုံးတစ်လုံးစာပဲ ဝင်နိုင်တဲ့ ပိုက်ထဲကို သူ့ရဲ့ဖနောင့်ကိုသုံးပြီး ဝင်အောင်သွင်းပြသွားခဲ့တာပါ။

 
 
 
 

 
 
 
 
 
 
 
 
 

It was a honor to challenge and beat the lion @iamzlatanibrahimovic Now the game is over #zlatanvspogba

A post shared by Paul Labile Pogba (@paulpogba) on

အေစီမီလန်အသင်းအတွက် ကစားပေးနေတဲ့ တိုက်စစ်မှူးကြီး မိုဗစ်ကတော့ သူ့ရဲ့ Gym မှာရှိတဲ့ အမှိုက်ပုံးထဲကို ဘောလုံးဝင်အောင်ထည့်ပြခဲ့တာဖြစ်ပြီး အဲဒီအတွက် ဖနောင့်ကိုသာ အသုံးပြုခဲ့တာပါ။

 
 
 
 

 
 
 
 
 
 
 
 
 

@paulpogba Game over #zlatanvspogba

A post shared by Zlatan Ibrahimović (@iamzlatanibrahimovic) on

ပရိသတ်တွေကတော့ ပေါ့ဂ်ဘာ လုပ်သွားတဲ့ ပြကွက်ဟာ ပိုပြီး ခက်ခဲတယ်လို့ မှတ်ချက်ပေးနေကြပြီး တချို့ကလည်း မိုဗစ်ရဲ့ လှပတဲ့အကွက်လေးကို ပိုပြီးသဘောကျနေကြပါတယ်။

သင်လည်း ဒီ ဗီဒီယိုဖိုင်တွေကို ကြည့်ပြီး ဘယ်သူက ပုံကောင်းအောင်် လုပ်ပြနိုင်တယ်လို့ ထင်မိပါသလဲ..။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required