ဆီးရီးယားအစိုးရနှင့် အတိုက်အခံအုပ်စုများ လာမည့်သီတင်းပတ်တွင် ရုရှတွင် တွေ့ဆုံဆွေးနွေးနိုင်

ဆီးရီးယားအစိုးရနှင့် အတိုက်အခံအုပ်စုများ လာမည့်သီတင်းပတ်တွင် ရုရှတွင် တွေ့ဆုံဆွေးနွေးနိုင်

မော်စကို၊ နိုဝင်ဘာ ၃ ။           ။ ဆီးရီးယားအစိုးရအဖွဲ့ဝင်များနှင့် နိုင်ငံ၏ အတိုက်အခံအုပ်စုများ လာမည့်သီတင်းပတ်တွင် မော်စကို၌ တွေ့ဆုံဆွေးနွေးနိုင်ကြောင်း ဒု-ရုရှနိုင်ငံခြားရေးဝန်ကြီး မီခေးလ်ဘော့ဒါနော့ဗ်၏ ပြောကြားချက်ကို ကိုးကား၍ တတ်စ်သတင်းအေဂျင်စီက နိုဝင်ဘာ ၃တွင် ဖော်ပြခဲ့သည်။

လေးနှစ်ကျော်ကြာမြင့်နေပြီဖြစ်သော ဆီးရီးယားပြည်တွင်းစစ်တွင် သဘောထားအလယ်အလတ်ရှိ သူပုန်များကို ထောက်ခံသော အမေရိကန်နှင့် မဟာမိတ်များကတစ်ဖက်၊ ဆီးရီးယားအစိုးရကို ထောက်ခံသော ရုရှနှင့် အီရန်တို့ကတစ်ဖက် တိုက်ခိုက်လျက်ရှိသည်။ ထို့အပြင် နိုင်ငံတွင်း အိုင်အက်စ်စစ်သွေးကြွများလည်း မင်းမူနေရာ အခြေအနေမှာ ရှုပ်ထွေးလျက်ရှိသည်။

ပြည်တွင်းစစ်ကြောင့် ဆီးရီးယားပြည်သူ ၇ဒသမ၆သန်းကျော်မှာ ပြည်တွင်းမှာပင် လှည့်လည်ထွက်ပြေးနေရပြီး ၅ သန်းကျော်မှာ တူရကီ၊ လက်ဘနွန်၊ ဂျော်ဒန်၊ အီရတ်နှင့် ကူဝိတ်ကဲ့သို့ အနီးရှိ နိုင်ငံများသို့ ထွက်ပြေးခဲ့ကြသည်။

ထောင်ဂဏန်းအနည်းငယ် ပမာဏရှိ ပြည်သူများမှာ ဂျာမနီ၊ ဆွီဒင်နှင့် ဂရိကဲ့သို့ ပိုမိုဝေးလံသော နိုင်ငံများသို့ ထွက်ပြေးခဲ့ကြပြီး ဒုက္ခသည်များဖြစ်လာခဲ့သည်။ ပြည်တွင်းတွင် သန်းပေါင်းများစွာသော ပြည်သူများမှာ အစားအစာ၊ ရေပြတ်လပ်မှုများနှင့်အတူ ဆင်းရဲချို့တဲ့စွာ နေထိုင်နေရသည်။

ပြည်တွင်းစစ်ကြောင့် ယခုနှစ် အောက်တိုဘာလအထိ လူ သုံးသိန်းကျော်သေဆုံးသွားပြီဟု ခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required