စက္ကူ၊ ကတ်ကြေး၊ ကျောက်တုံးဂိမ်းကို တစ်ယောက်တည်းဆော့နေတဲ့ အာဆင်နယ်က ဒေးဗစ်လုဇ်

စက္ကူ၊ ကတ်ကြေး၊ ကျောက်တုံးဂိမ်းကို တစ်ယောက်တည်းဆော့နေတဲ့ အာဆင်နယ်က ဒေးဗစ်လုဇ်

အာဆင်နယ်အသင်းနောက်ခံလူ ဒေးဗစ်လုဇ် တစ်ယောက် စက္ကူ၊ ကတ်ကြေး၊ ကျောက်တုံးဂိမ်းကို တစ်ယောက်တည်း ကစားပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ရှုံးသွားတဲ့ ဗီဒီယိုဟာ ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကြီးနေခဲ့ပါတယ်။

ဒေးဗစ်လုဇ်က ဗီဒီယိုတည်းဖြတ်မှုတွေနဲ့အတူ ဒီဗီဒီယိုလေးကို ဖန်တီးထားခဲ့တာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် နေအိမ်အတွင်း ပျင်းရိနေချိန်တွေကို ဒီလိုပဲ ကျော်ဖြတ်နေခဲ့ပုံရပါတယ်။

ဗီဒီယိုဖိုင်ထဲမှာတော့ ဒေးဗစ်လုဇ်ဟာ မှန်ထဲမှာ သူ့ကိုယ်သူ ပြန်ကြည့်ရင်း စက္ကူ၊ ကတ်ကြေး၊ ကျောက်တုံးဂိမ်းကို ကစားနေခဲ့တာပါ။

အစပိုင်းမှာ မှန်ထဲက ပုံရိပ်က သူလုပ်တဲ့အတိုင်း လိုက်လုပ်နေခဲ့ပေမယ့် သူ ကျောက်တုံးလုပ်တဲ့အလှည့်မှာတော့ မှန်ထဲက ပုံရိပ်က စက္ကူလုပ်ပြီး သူ့ကို အနိုင်ယူသွားခဲ့တာပါ။

အင်စတာဂရမ်ပရိသတ် ၁၉.၄ သန်းရှိတဲ့ ဒီနောက်ခံလူဟာ သူ့ရဲ့ ဗီဒီယိုလေးကို အင်စတာဂရမ်မှာရော တွစ်တာမှာပါ တင်သွားခဲ့ပြီး ပက်ထရစ် ကလွိုင်ဗတ် ၊ ဘီလီ ဂေလ်မာ၊ ဖာဘရီဂက်စ်၊ ဂျော်ဂျင်ဟို စတဲ့ သူ့ရဲ့အပေါင်းအသင်းတွေက သဘောကျတဲ့ အီမိုဂျီလေးတွေပေးခဲ့ကြပါတယ်။

 
 
 
 

 
 
 
 
 
 
 
 
 

Quem perder limpa a casa!!!

A post shared by David Luiz (@davidluiz_4) on

ဒီရက်ပိုင်းတွေမှာ ဒေးဗစ်လုဇ်တစ်ယောက် သူ့ရဲ့ အင်စတာဂရမ်ပေါ်မှာ ဗီဒီယိုလေးတွေ မကြာခဏ တင်နေတာကို တွေ့နေရပြီး သူနောက်ဆုံးတင်ထားတဲ့ ဗီဒီယိုဖိုင်က အောက်ပိုင်းလေ့ကျင့်ခန်းအတွက် စားပွဲပေါ်ခုန်တက်တာကို လေ့ကျင့်နေတဲ့ ဗီဒီယိုဖိုင်ပါ။

 
 
 
 

 
 
 
 
 
 
 
 
 

#coronaout

A post shared by David Luiz (@davidluiz_4) on

ဒီလို စက္ကူ၊ ကတ်ကြေး၊ ကျောက်တုံးဂိမ်းကိုတစ်ယောက်တည်း ကစားပြီး ကိုယ့်ကိုယ်ကိုယ် ပြန်အရှုံးပေးလိုက်ရတဲ့ ဗီဒီယိုလေးတွေက Tiktok မှာ ၂၀၁၉ ဒီဇင်ဘာလောက်ကတည်းက ခေတ်စားခဲ့တာဖြစ်ပြီး ဗီဒီယိုတည်းဖြတ်မှုတွေနဲ့ ပြုလုပ်ထားတဲ့ ဒီကစားပုံကို အများစုက သဘောကျခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required