အမေရိကန်၅ယောက်တွင် တစ်ယောက်နှုန်းက တစ္ဆေကို မြင်ဖူးသည်ဟု ပြော

အမေရိကန်၅ယောက်တွင် တစ်ယောက်နှုန်းက တစ္ဆေကို မြင်ဖူးသည်ဟု ပြော

ဝါရှင်တန်၊ နိုဝင်ဘာ-၃ ။                ။ တစ္ဆေကြီးများနေ့ (Halloween Day)တွင် အမေရိကန်ပြည်ထောင်စုတစ်ခွင်မှာ သကြားလုံးများ၊ ဝတ်ရုံများနှင့် တစ္ဆေဆန်အံဖွယ်တိုင်းပြည်အဖြစ်သို့ အသွင်ပြောင်းသွားခဲ့သော်လည်း ပျူးသုတေသနဌာန စစ်တမ်းတစ်ခုအရ လူပေါင်းများစွာက သင်္ချ ိုင်းဂူအလွန်မှ ပရလောကသားများနှင့် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ အတွေ့အကြုံများ ကိုယ်စီရှိခဲ့ကြသည်ဟု ဆိုသည်။

၂၀၀၉ခုနှစ်က ပုံနှိပ်ထုတ်ဝေခဲ့သည့် စစ်တမ်းအရ အမေရိကန်နိုင်ငံသားအားလုံး၏ ၁၈ရာခိုင်နှုန်းက တစ္ဆေတစ်ကောင်နှင့် မျက်နှာချင်းဆိုင်နီးပါး ပက်ပင်းတိုးခဲ့ကြသည်ဟု ပြောကြားကြသည်။ တစ္ဆေတစ်ကောင်နှင့်အတူ ရှိနေခဲ့သည်ဟု ယုံကြည်သူအရေအတွက်မှာ ၁၃နှစ်အလွန်က အလားတူစစ်တမ်းနှင့်စာလျှင် နှစ်ဆမြင့်မားလာခဲ့သည်။ ၁၉၉၆ခုနှစ်ကမူ တစ္ဆေကိုမြင်ဖူးသည်ဟု ပြောကြားသည့် အမေရိကန်နိုင်ငံသား အရေအတွက်မှာ ၉ရာခိုင်နှုန်းသာ ရှိခဲ့သည်။  

စစ်တမ်းကောက်ယူသည့် လူပေါင်း ၂၀၀၀ကျော်အနက် ၂၉ရာခိုင်နှုန်းက ၎င်းတို့မှာ ခံစားချက် (သို့မဟုတ်) အခြားအာရုံများမှတစ်ဆင့် သေလူများနှင့် ဆက်သွယ်နိုင်ကြသည်ဟု ပြောကြားကြသည်။ အမေရိကန်လူရွယ် ၄၀၀၀ခန့်ပါဝင်သည့် စစ်တမ်းနှစ်ခုကို ပေါင်းရုံးထားသည့် ရလဒ်ပင်ဖြစ်သည်။

ထိုကဲ့သို့သော အမြင်အတွေ့အကြုံများတွင် ပိုမိုခိုင်မာသော ရှင်းပြချက်များရှိနေသည်ဟု Goldsmiths University မှ ဒေါက်တာ အဲလစ် ဂရီဂိုရီက ပြောကြားသည်။ အထူးသဖြင့် sleep paralysis ဟုခေါ်သော အိပ်ရင်းတဒင်္ဂလှုပ်မရသည့် အခြေအနေမျိုးတွင် လူတစ်ယောက်အနေဖြင့် မိမိအနီးဝန်းကျင်တွင် တစ္ဆေဆန်သည့် ပုံရိပ်တစ်ခု ရှိနေသည်ဟု ယုံကြည်လာတတ်သည်ဟု ဒေါက်တာ အဲလစ်က ပြောကြားသည်။

‘အာရုံမှောက်မှားမှုတွေဟာ ဒီလိုအတွေ့အကြုံအတွင်းမှာ ဖြစ်ပွားလာနိုင်တယ်။ အိပ်ရင်းတဒင်္ဂ လှုပ်မရတဲ့ အခြေအနေကို ခံစားရသူတွေဟာ အာရုံမှောက်မှားမှုကို အိပ်မက်လား တကယ်လားဆိုတာ မခွဲခြားတတ်တော့ဘူး’ဟုလည်း သူမက ပြောကြားသည်။

သဘာဝလွန်များကို တွေ့ကြုံနေရသည်ဟူသော အမြင်ကို ဘာသာရေးယုံကြည်မှုကလည်း လွှမ်းမိုးပြုပြင်သည်ဟု ဆိုသည်။ ၂၁ရာစု အမေရိကန်လူငယ်အများစုဟာ သေပြီး တမလွန်ဘဝနဲ့ သရဲရှိတယ်ဆိုတာကို ယုံကြည်နေကြတယ်ဟု ကယ်လီဖိုးနီးယားတက္ကသိုလ်ပါမောက္ခ ကလော်ဒီ ဖစ်ချာက ၂၀၁၃ခုနှစ်က ဘလော့တစ်ခုတွင် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required