ထွက်ပြေးနေသည့် မင်းရာဇာတို့ ဇနီးမောင်နှံကို DKBA ဖမ်းထား၊ မြဝတီရဲတပ်ဖွဲ့ထံလွှဲပေးမည်

ထွက်ပြေးနေသည့် မင်းရာဇာတို့ ဇနီးမောင်နှံကို DKBA ဖမ်းထား၊ မြဝတီရဲတပ်ဖွဲ့ထံလွှဲပေးမည်
ပုံ- မင်းရာဇာနှင့် ဇနီးကို ဖမ်းဆီးရမိထား

ရန်ကုန်၊ ဧပြီ ၉

အိမ်အကူ မိန်းကလေးငယ်တစ်ဦးကို ညှင်းပန်းနှိပ်စက်သည်ဟု စွပ်စွဲခံရပြီးနောက် ထွက်ပြေးသွားသော သရုပ်ဆောင်မင်းရာဇာနှင့်ဇနီးဖြစ်သူတို့ကို ကရင်ပြည်နယ်၊ မြဝတီဘက်မှာ ဒီမိုကရေစီအကျိုးပြုကရင်တပ်ဖွဲ့(DKBA)က ဖမ်းဆီးရမိထားပြီး မြဝတီရဲတပ်ဖွဲ့ထံ ယခု လွှဲပြောင်းပေးသွားမည်ဟု DKBA ဗိုလ်မှူးကြီး စောကျော်သန်းဌေးက မဇ္ဈိမသို့ ပြောသည်။

DKBA ဗိုလ်မှူးကြီး စောကျော်သန်းဌေးက “ ဟုတ်ကဲ့ ခင်ဗျာ၊ အခု သက်ဆိုင်ရာကို လွှဲပေးသွားမှာ ခင်ဗျာ၊ ဒီနေ့ ညနေပိုင်းတုန်းက ဖမ်းမိတာ၊ ကျွန်တော်တို့ မြဝတီတောင်ဘက်အခြမ်းပေါ့၊ ကျွန်တော်တို့ အမှတ် ၉၁၀ တပ်ရင်း နေရာမှာပါ။ အခု လွှဲပေးဖို့ စီစဉ်နေပါပြီ။”ဟု  ပြောသည်။

ပုံ- မင်းရာဇာနှင့် ဇနီးကို ဖမ်းဆီးရမိထား

မိန်းကလေးငယ်၏ မိခင်က တရားလိုလုပ်၍ ရုပ်ရှင် သရုပ်ဆောင် မင်းရာဇာ၊ ဇနီးဖြစ်သူ မဖူးငုံပွင့်နှင့် ယောက္ခမဖြစ်သူ ဦးမောင်မောင်အေးတို့အား ရွှေပေါက်ကံရဲစခန်းမှာ (ပ) ၅၀၅/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄ တို့ဖြင့် အမှုဖွင့်ထားသည်။
 
ထို့နောက် မင်းရာဇာနှင့် ဇနီးဖြစ်သူ မဖူးငုံပွင့်တို့ နှစ်ဦးသည် ထွက်ပြေး တိမ်းရှောင်နေသည့်အတွက် ရဲတပ်ဖွဲ့က တွေ့ရှိပါက အကြောင်းကြားပေးရန် တောင်းဆိုလျက်ရှိရာ ကရင်လက်နက်ကိုင်အဖွဲ့ DKBA  က ၎င်းတို့၏ လှုပ်ရှားနယ်မြေအတွင်း တွေ့ရှိသော မင်းရာဇာနှင့် မဖူးငုံပွင့်ကို ဧပြီ ၉ ရက်က ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

လက်ရှိတွင် မြဝတီရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးရန် သွားနေပြီး ဖြစ်ကြောင်း DKBA ဗိုလ်မှူးကြီး စောကျော်သန်းဌေးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly