ကစားသမားတွေရဲ့ ကြံ့ခိုင်မှုကို GPS စနစ်နဲ့ ထောက်လှမ်းနေတဲ့ အာတီတာ

ကစားသမားတွေရဲ့ ကြံ့ခိုင်မှုကို GPS စနစ်နဲ့ ထောက်လှမ်းနေတဲ့ အာတီတာ

အာဆင်နယ်အသင်းနည်းပြ အာတီတာကတော့ COVID-19 ကနေ ပြန်လည်သက်သာလာပြီးတဲ့နောက် ကစားသမားတွေရဲ့ ကြံ့ခိုင်မှုပိုင်းကို စောင့်ကြည့်နိုင်ဖို့အတွက် အသင်းရဲ့ ကြံ့ခိုင်ရေးအဖွဲ့နဲ့ ပူးပေါင်းပြီး အစီအစဉ်သစ်တွေ ပြုလုပ်ခဲ့ပါတယ်။

အဲဒါကတော့ ကစားသမားတွေရဲ့ နေအိမ်မှာ GPS စနစ်သုံး ကြံ့ခိုင်မှုပြ စနစ်ကို အသုံးပြုဖို့ပဲဖြစ်ပြီး သူတို့ လုပ်တဲ့ တစ်နေ့တာ လေ့ကျင့်ခန်းအစီအစဉ်တွေကို ပြန်လည်ခြေရာကောက်နိုင်မယ့် စနစ်ပါပဲ။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် နေအိမ်အတွင်းမှာပဲ လေ့ကျင့်ခန်းတွေ ပြုလုပ်နေရတဲ့ အာဆင်နယ်ကစားသမားတွေရဲ့ ပုံရိပ်တွေကို ဆိုရှယ်မီဒီယာတွေပေါ်မှာ တွေ့နေရပြီး တစ်ဦးချင်းစီရဲ့ ကြံ့ခိုင်မှုပိုင်းကို နည်းစနစ်ပိုင်း ကျွမ်းကျင်သူတွေနဲ့ တွက်ချက်စစ်ဆေးနေစေခဲ့တယ်လို့ သတင်းတွေက  ဖော်ပြနေတာပါ။

အာဆင်နယ်အသင်းရဲ့ ကြံ့ခိုင်ရေးမှူးတွေက ကစားသမားတွေရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေအပေါ် မူတည်ပြီး ကြံ့ခိုင်မှုနဲ့ဆိုင်တဲ့ တွက်ချက်ရေးတွေကို နေအိမ်ကနေ ပြုလုပ်နေကြရတာပါ။

 
 
 
 
 
 
 
 
 
 
 
 
 

Valeu maninho @lucasskruel !!! @gu5santana está morrendo hahaha ! #coronaout #vamosgalera #everybodycandoit

A post shared by David Luiz (@davidluiz_4) on

လန်ဒန်အခြေစိုက် သတင်းစာတွေရဲ့ ဖော်ပြမှုအရတော့ ဒီလို စနစ်မျိုးကို အသုံးပြုတဲ့အသင်း နောက်တစ်သင်းရှိနေသေးပြီး အဲဒါကတော့ စပါးအသင်းပဲဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ လန်ဒန်မြို့၊ ပန်းခြံတစ်ခုအတွင်းမှာ ကစားသမားတွေနဲ့ လေ့ကျင့်ခန်းဆင်းနေခဲ့တဲ့ နည်းပြ မော်ရင်ဟို ကို သက်ဆိုင်ရာက သတိပေးထားခဲ့ရပြီး အဲဒီလို လေ့ကျင့်ခန်းခေါ်ယူလုပ်စေရတဲ့ အကြောင်းရင်းက ဒီကစားသမားတွေဟာ နေအိမ်တွင်းလေ့ကျင့်ခန်းတွေ ပြုလုပ်ဖို့ ပျက်ကွက်နေတာကြောင့် ဖြစ်တယ်လို့ The Sun က ဖော်ပြပါတယ်။

 
 
 
 
 
 
 
 
 
 
 
 
 

Workout #ComeBackStronger #GibGäs #SeoKol

A post shared by Sead Kolašinac (@seadk6) on

ဘောလုံးပွဲသုံးသပ်သူတွေကတော့ ကစားသမားတွေအနေနဲ့ ဘောလုံးပွဲတွေနဲ့ ကာလရှည်ဝေးကွာသွားမယ်ဆိုရင် သူတို့ရဲ့ ပုံမှန်စွမ်းဆောင်ရည်မျိုးနဲ့ ပုံမှန်ကြံ့ခိုင်မှုမျိုးတွေ ပြန်လည်ရရှိဖို့ ခက်ခဲသွားမှာဖြစ်တယ်လို့ သုံးသပ်ထားပြီး တစ်ကိုယ်ရည် လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်တယ်ဆိုရင်တောင်မှ ကွင်းအတွင်းမှာ ကြံ့ခိုင်ရည်ကောင်းရနိုင်ဖို့ ခဲယဉ်းလိမ့်မယ်လို့ မှတ်ချက်တွေ ပေးနေကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly