COVID-19 ကို ၁၂ မိနစ်အတွင်းစမ်းသပ်စစ်ဆေးပေးနိုင်သည့်ပစ္စည်းတီတွင်မိတ်ဆက်

COVID-19 ကို ၁၂ မိနစ်အတွင်းစမ်းသပ်စစ်ဆေးပေးနိုင်သည့်ပစ္စည်းတီတွင်မိတ်ဆက်

ဧပြီ ၉

ကမ္ဘာ့နိုင်ငံတွေမှာ  ပြည်သူတွေကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်း ရှိ/ မရှိ အသည်းအသန် စစ်ဆေးပေးနေရစဉ်မှာ  ထိုင်ဝမ်-ဒိန်းမတ် ဖက်စပ်ကုမ္ပဏီတစ်ခုက COVID-19 ဗိုင်းရပ်စ်ကို ၁၂ မိနစ်အတွင်း စမ်းသပ်စစ်ဆေးပေးနိုင်တဲ့ ပစ္စည်းကို တီထွင်မိတ်ဆက်လိုက်ပါတယ်။

“ယူကေနဲ့ စပိန်နိုင်ငံတွေမှာ  တခြားနိုင်ငံတွေကနေမှာယူခဲ့ကြတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ စမ်းသပ်ပစ္စည်းတွေက အရည်အသွေးမပြည့်မီဘူးဆိုတဲ့သတင်းတွေ ကြားကြမှာပါ၊ ကျွန်တော်တို့ တီထွင်ထားတဲ့ ဒီရောဂါစမ်းသပ်ပစ္စည်းကို စမ်းသပ်ခံနမူနာပစ္စည်းတွေအများကြီးရှိတဲ့ အီတလီက ဆေးရုံဓာတ်ခွဲခန်းစင်တာကို လာမယ့်အပတ်မှာ ပို့သွားမှာပါ။ ဒီပစ္စည်းကို မထုတ်ခင်မှာ အနည်းဆုံး ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ လူနာ ၃၀၀ လောက်နဲ့ အရင် ဓာတ်ခွဲစမ်းသပ်ကြည့်ရမှာပါ” ဟု ဒိန်းမတ်အခြေစိုက် ဆေးပစ္စည်းကိရိယာထုတ်လုပ်တဲ့ BluSense Diagnostics ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် ဖီးလစ်ပိုဘော့စ်ကို က အလွယ်တကူသယ်သွားနိုင်တဲ့ COVID-19 ဗိုင်းရပ်စ်စမ်းသပ်ပစ္စည်းအကြောင်းကို မိတ်ဆက်ရှင်းပြပါတယ်။

လူဦးရေ ၂၃ သန်းရှိတဲ့ ထိုင်ဝမ်ဟာ တရုတ်ပြည်မကြီးကနေ ၁၈၀ ကီလိုမီတာ (၁၁၀ မိုင်) ခန့်သာကွာဝေးပြီး ရုတ်တရက်ကြည့်လိုက်ရင် ကိုရိုနာဗိုင်းရပ်စ်ဒဏ် ကောင်းကောင်းခံရနိုင်တဲ့ အကွာအဝေးမှာရှိနေတာပါ။

ဒါပေမယ့် အခုအချိန်ထိ ထိုင်ဝမ်မှာ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၃၇၆ ဦးနဲ့ သေဆုံးသူ ၅ ဦးသာ ရှိပြီး  စားသောက်ဆိုင်၊ ဘား၊ တက္ကသိုလ်နဲ့ ရုံးတွေလည်း ဖွင့်ထားဆဲဖြစ်ပါတယ်။

ကာကွယ်ဆေးထုတ်ဖို့ ဒေါ်လာဘီလီယံနဲ့ချီပြီး ထောက်ပံ့နေတဲ့ မိုက်ခရိုဆော့ဖ်တည်ထောင်သူ ဘီလ်ဂိတ်က “ထိုင်ဝမ်တို့လို နိုင်ငံတွေဟာ စံထားအတုယူထိုက်တယ်၊ တခြားနိုင်ငံတွေလို ဒီကပ်ရောဂါနဲ့ပတ်သက်ပြီး ဝန်ထုပ်ဝန်ပိုးတွေ စီးပွားရေးထိခိုက်တာတွေ ရှိမှာမဟုတ်ဘူး” လို့  အခုသီတင်းပတ်မှာပဲ Fox Nexs ကို ပြောကြားခဲ့ပါတယ်။

၂၀၀၃ ခုနှစ်က ပြင်းထန်အဆုတ်ရောင်ရောဂါ (SARS) ဖြစ်ပွားခဲ့စဉ်ကလည်း ထိုင်ဝမ်ရဲ့ တုံ့ပြန်မှုက အားကောင်းခဲ့ပြီး နောင်လာမယ့် ကူးစက်ရောဂါကိုတိုက်ဖျက်ဖို့ ပဋိပစ္စည်းများစွာကို တီထွင်ထုတ်လုပ်ထားကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required