လူနာအမှတ် ၇ ဆွစ်ဇာလန်သူ ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်း

လူနာအမှတ် ၇ ဆွစ်ဇာလန်သူ ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်း

ဧပြီ ၈

COVID-19 လူနာအမှတ် ၇ ဖြစ်သော ကုလသမဂ္ဂရုံးဝန်ထမ်းသည် ယနေ့ညနေပိုင်းတွင် ရောဂါပျောက်ကင်းသက်သာသွားပြီဖြစ်၍ ဆေးရုံဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာချက်တွင်ပါရှိသည်။

 နေပြည်တော်ပြည်သူ့ဆေးရုံ ကြီးတွင် တက်ရောက်ကုသမှုခံယူလျက်ရှိသော အသက် ၅၈ နှစ်အရွယ် ဆွစ်ဇာလန်နိုင်ငံသူထံမှ ဒုတိယအကြိမ် ဓာတ်ခွဲ နမူနာနှင့် တတိယအကြိမ်ဓာတ်ခွဲနမူနာများအား ဧပြီလ ၄ ရက်နေ့နှင့် ၇ ရက်နေ့များတွင်ရယူစစ်ဆေးခဲ့ရာ နှစ်ကြိမ်စလုံးတွင် COVID-19 ရောဂါပိုး မရှိကြောင်း   တွေ့ရှိရသဖြင့် ဆေးရုံဆင်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။

သို့သော် သတ်မှတ်ထားသောနေရာတွင် ၁၄ ရက် စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly