ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ဗြိတိန်ဝန်ကြီးချုပ် အထူးကြပ်မတ်ကုသခံနေရ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ ဗြိတိန်ဝန်ကြီးချုပ် အထူးကြပ်မတ်ကုသခံနေရ

ဧပြီ ၈

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ဗြိတိန်ဝန်ကြီးချုပ် ဘော်ရစ်ဂျွန်ဆင်ဟာ ဗုဒ္ဓဟူးနေ့မှာ အထူးကြပ်မတ်ကုသမှု ခံယူနေရတာ သုံးရက်မြောက် ရှိခဲ့ပြီ ဖြစ်ပါတယ်။

“ကျွန်တော် သိထားတာကတော့ ဝန်ကြီးချုပ်ဟာ အခြေအနေ တည်တည်ငြိမ်ငြိမ်ပဲ ရှိပါတယ်။ သက်သောင့်သက်သာပဲ ရှိပြီး စိတ်ပိုင်းဆိုင်ရာလည်း ကောင်းကောင်းမွန်မွန်ပါပဲ။”လို့ အကြီးတန်းကျန်းမာရေးဝန်ကြီး အက်ဝက်ဒ်အာဂါက Sky News သို့ ပြောပါတယ်။

“အရင်ကတော့ အောက်ဆီဂျင် ပေးခဲ့ရသေးတယ်။ အခုတော့ အသက်ရှူကိရိယာ မလိုတော့ပါဘူး။”လို့ ၎င်းက ဆက်လက်ပြောပါတယ်။

ဝန်ကြီးချုပ် ဘော်ရစ်ဂျွန်ဆင်ဟာ COVID-109 ဖြစ်ပွားပြီး ဆယ်ရက်မြောက်မှာ ချောင်းဆိုးကာ ကိုယ်အပူချိန် ဆက်လက်မြင့်တက်နေတာကြောင့် လန်ဒန်က စိန့်သောမတ်ဆေးရုံမှာ  ပြီးခဲ့တဲ့ တနင်္ဂနွေ ညပိုင်းက ဆေးရုံတက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

တနင်္လာနေ့ ညနေပိုင်းကစလို့ ဝန်ကြီးချုပ် ဘော်ရစ်ဂျွန်ဆင်ကို အထူးကြပ်မတ်ကုသမှုအောက်မှာ ထားရှိခဲ့တာပါ။ဘော်ရစ်ဂျွန်ဆင်ကို အထူးကြပ်မတ်ကုသဆောင် ပို့တာဟာ နိုင်ငံမှာ အရေးပေါ်အခြေအနေ ကြေညာထားတဲ့ကာလအတွင်း ဝန်ကြီးချုပ်တစ်ဦးအတွက် မကြုံဖူးတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံမှာ COVID-19 ကြောင့် အင်္ဂါနေ့က သေဆုံးသူ ၇၈၆ ဦး စံချိန်တင်ရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၆၁၅၉ ဦး ရှိသွားပြီဖြစ်ကာ ကူးစက်ဖြစ်ပွားသူပေါင်း ၅၅၀၀၀ ကျော်ထက်မနည်း ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly