ဘိုကိုဟာရမ်ဗွီဒီယိုတွင် သူခိုးဟု သံသယရှိသူနှစ်ဦး၏ ညာလက်များကို ဖြတ်နေပုံများ ပြသ

ဘိုကိုဟာရမ်ဗွီဒီယိုတွင် သူခိုးဟု သံသယရှိသူနှစ်ဦး၏ ညာလက်များကို ဖြတ်နေပုံများ ပြသ

လာဂေါ့စ်၊ နိုင်ဂျီးရီးယား၊ နိုဝင်ဘာ - ၃ ။          ။ အသစ်လွှင့်တင်လာသည့် ဘိုကိုဟာရမ်ဗွီဒီယိုတစ်ခုတွင် စစ်သွေးကြွ အစ္စလာမ်အုပ်စု အဖွဲ့ဝင်များက ပိုက်ဆံခိုးယူခဲ့သည်ဟု သံသယရှိသည့် ယောကျ်ားနှစ်ယောက်၏ ညာလက်များကို ဖြတ်ပစ်နေပုံများကို ပြသထားသည်ဟု ဆိုသည်။

နိုဝင်ဘာလ ၂ရက်နေ့က လူမှုမီဒီယာတွင် လွှင့်တင်လာသည့် ဗွီဒီယိုထဲတွင် ရွာသားများက လက်နက်ကိုင်သူပုန်များ ပတ်လည်တွင် စုရုံးနေကြပြီး တစ်ယောက်သောသူပုန်က ဘုရားသခင်၏ ပြစ်ဒဏ်ပြဌာန်းချက်အတိုင်း အပြစ်ပေးခြင်းသာဖြစ်သည်ဟု ရှင်းပြနေကြောင်း SITE Intelligence Group၏ ဘာသာပြန်ချက်အရ သိရှိရသည်။

ဗွီဒီယိုတွင် သစ်ပင်တစ်ပင်မှ တွဲလောင်းချထားသည့် သားခုတ်ဓားက လူတစ်ယောက်၏ လက်ပေါ်သို့ ကျလာနေသည်ကို ရိုက်ပြထားပြီး ထို့နောက် မှိန်သွားကာ သွေးစွန်းနေသည့် ပင်စည်ကို ပြထားသော်လည်း အမှန်တကယ် ဖြတ်တောက်လိုက်သည့် ပြကွက်မူ ပါဝင်ခြင်းမရှိဟု ဆိုသည်။

နိုင်ဂျီးရီးယား ပြည်တွင်းဖြစ် အစွန်းရောက်အုပ်စုတစ်စုဖြစ်သော ဘိုကိုဟာရမ်များက အစ္စလာမ်ဥပဒေ၏ အခြေခံကျသောပုံစံကို ပြဌာန်းလိုနေပြီး နိုင်ဂျီးရီးယား၊ ချတ်၊ နိုင်ဂျာနှင့် ကင်မရွန်းအထိ လွှမ်းခြုံသော ရှေးဟောင်း အစ္စလာမ် ခါလီဖိတ်နိုင်ငံကို ပြည်လည်ဖန်တီးလိုနေသည်။

လေးနိုင်ငံစလုံးတွင် ဘိုကိုဟာရမ်များက စီးနင်းတိုက်ခိုက် အသေခံဗုံးခွဲမှုများ ပြုလုပ်ခဲ့သောကြောင့် လူရာပေါင်းများစွာ သေဆုံးခဲ့ရပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required