လပေါ်တွင် ဓာတ်သတ္တုတူးဖော်ရေး၊ ဥက္ကာပျံများမှ သတ္တုထုတ်ရေး အမိန့်လွှာ သမ္မတ ထရမ့် လက်မှတ်ထိုး

By Space
08 April 2020
လပေါ်တွင် ဓာတ်သတ္တုတူးဖော်ရေး၊ ဥက္ကာပျံများမှ သတ္တုထုတ်ရေး အမိန့်လွှာ သမ္မတ ထရမ့် လက်မှတ်ထိုး

ဧပြီ ၇

အမေရိကန်တို့သည် လကမ္ဘာ၌ လူသားများ ရေရှည် အခြေချနေနိုင်အောင် ကြိုးပမ်းလျက်ရှိရာ ယင်းအတွက်  အကူအညီဖြစ်စေမည့် ရေနှင့် လဆိုင်ရာ အရင်းအမြစ်များ အဆင်သင့်ရှိနေပြီဟု အိမ်ဖြူတော်က ယုံကြည်လက် ခံထားသည်။

သမ္မတဒေါ်နယ်ထရမ့်သည် ကမ္ဘာ့ပြင်ပအရင်းအမြစ် သယံဇာတများအား အပြည့်အဝအသုံးချရေးအမေရိကန်မူဝါဒကို အကောင်အထည်ဖော်မည့် သမ္မတ၏ တစ်ချက်လွှတ်အမိန့်တော် ( executive order ) ကို ဧပြီ ၆ ရက်က လက်မှတ်ရေးထိုးခဲ့သည်။ ၁၉၆၇ ခုနှစ် အာကာသအပြင်ဘက် ပဋိညာဉ်စာချုပ်အရ  အသုံးပြုခွင့် ပေးလိုက်သည့် မူဝါဒကို လက်ရှိအစိုးရက ထပ်လောင်းအားပြုလိုက်ခြင်းလည်းဖြစ်သည်။

ယခုအမြင်သည် အမေရိကန်အစိုးရအသိုင်းအဝိုင်းတွင် ကာလကြာမြင့်စွာ ဝေ့လည်နေခဲ့သည်။ ဥပမာအားဖြင်- အမေရိကန်ပြည်ထောင်စုသည် တစ်ခြားသော အာကာသသွား နိုင်ငံများကဲ့သို့ပင် ၁၉၇၉ လကမ္ဘာ ပဋိဉာဏ်စာ ချုပ်ကို လက်မှတ်ရေးထိုးခြင်းမရှိပေ။ အဆိုပါစာချုပ်သည် သိပ္ပပညာဆိုင်ရာမဟုတ်သော အာကာသတွင်းအရင်းအမြစ်များကိုအသုံးပြုခြင်းကိစ္စရပ်များတွင် နိုင်ငံတကာဆိုင်ရာ စည်းမျဉ်းပြုမူဘောင်တစ်ခုက ကြီးကြပ်သည့် စနစ်ဖြစ်သည်။ ၂၀၁၅ ခုနှစ်က အမေရိကန် ကွန်ဂရက်က ပြဌာန်းလိုက်သော ဥပဒေတွင် အမေရိကန်ကုမ္ပဏီနှင့်နိုင်ငံသားများအား လနှင့် ဂြိုဟ်သိမ်ဂြိဟ်မွှားအသုံးပြုခွင့် ဥပဒေပြဋ္ဌာန်းချက်ကို သီးခြားခွင့်ပြုထားသည်။

သမ္မတ၏ အမိန့်လွှာအသစ်သည်  အမေရိကန်အနေဖြင့် အာကာသကို ကမ္ဘာလုံးဆိုင်ရာဘုံပိုင်ဆိုင်မှုအဖြစ် မမြင်ဘဲ ကမ္ဘာ့ပြင်ပ သတ္တုတူးဖော်မှုလုပ်ရာတွင် နိုင်ငံတကာ ပဋိညာဉ်နှင့်လုပ်ဆောင်စရာမလိုဟူသော မူကို ပို၍ အတည်ဖြစ်စေသည်။  

အာကာသအရင်းအမြစ်များကို ဖော်ထုတ်အသုံးပြုရန်အတွက် နိုင်ငံတကာပံ့ပိုးမှုကို အားပေးမြှင့်တင် ခြင်း ဟု ခေါ်ဆိုနိုင်သည့် executive order ကို အကောင်အထည်ဖော်နေသည်မှာ တစ်နှစ်ခန့်ရှိပြီဖြစ်ကြောင်း ထိပ်တန်း အရာရှိတစ်ဦးက သတင်းထောက်များကို ပြောသည်။

လကမ္ဘာကို အာကာသယာဉ်မှူးများလွှတ်တင်မည့် နာဆာ၏ Artemis အစီအစဉ်ကို နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများက ကူညီပေးရေး ညှိနှိုင်းနေချိန်မှာ အမေရိကန်၏အနေအထားကို သိစေလိုသည့်သဘောဖြင့် ယခု ကဲ့သို့  executive order အလျင်အမြန်ထွက်ပေါ်လာရခြင်းဖြစ်သည်ဟု ဆိုသည်။

Artemis Program အရ အမေရိကန်သည် ၂၀၂၄ ခုနှစ်၌ လပေါ်သို့ အကာသယာဉ်မှူးနှစ်ဦး စေလွှတ်မှာဖြစ်ပြီး လူသားများ ရေရှည်နေထိုင်နိုင်အောင် အကောင်အထည်ဖော်မည်ဖြစ်ကာ ထိုမှတစ်ဆင့် အင်္ဂါဂြိုဟ်သို့ ခြေဆန့် ရန်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required