ဒေသန္တရအစိုးရမဲရုံများတွင် ပါကစ္စတန်ဝန်ကြီးချုပ်၏ အာဏာရပါတီက နေရာအများစု အနိုင်ရ

ဒေသန္တရအစိုးရမဲရုံများတွင် ပါကစ္စတန်ဝန်ကြီးချုပ်၏ အာဏာရပါတီက နေရာအများစု အနိုင်ရ

လာဟိုး၊ နိုဝင်ဘာ - ၃ ။         ။ နိုဝင်ဘာလ ၁ရက်နေ့က ထုတ်ပြန်ခဲ့သည့် တရားဝင်မဟုတ်သည့် ရလဒ်များအရ ဒေသန္တရရွေးကောက်ပွဲများတွင် ပါကစ္စတန်အာဏာရပါတီကပင် နေရာအများစုကို အနိုင်ရရှိသွားခဲ့သောကြောင့် ဝန်ကြီးချုပ် နာဝပ်ရှရစ်၏ အာဏာအမာခံ ပန်ဂျပ်ပြည်နယ်တွင် အနိုင်ရအောင် ပြုလုပ်မည်ဟူသည့် အတိုက်အခံ၏ မျှော်လင့်ချက်များ ပျက်စီးသွားခဲ့သည်။

အမျိုးသားညွှန့်ပေါင်းအစိုးရ ဖွဲ့ရေးဆီဦးတည်သည့် ရှရစ်၏ ပါကစ္စတန်မွတ်စလင်အဖွဲ့ချုပ်-နာဝပ်ဇ် (PMLN)ပါတီအတွက် သက်တမ်းဝက် မဲဆန္ဒခံယူပွဲအဖြစ် ယူဆကြသည့် နိုဝင်ဘာ ၁ ရက်နေ့ က ဒေသန္တရအစိုးရ မဲရုံများတွင် သန်းပေါင်းများစွာသော ပါကစ္စတန်နိုင်ငံသားများ မဲပေးခဲ့ကြသည်။

နိုင်ငံတကာ ခရစ်ကတ်ကြယ်ပွင့်ဘဝမှ နိုင်ငံရေးသမားဖြစ်လာသည့် အင်မရန် ခန်းခေါင်းဆောင်သည့် အတိုက်အခံပါတီက လာမည့်ရွေးကောက်ပွဲတွင် ရှရစ်ကို စိန်ခေါ်နိုင်သည်အထိ တစ်နိုင်ငံလုံး ၏ထောက်ခံမှုကို စည်းရုံးနိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။

မီဒီယာစစ်တမ်းများအပေါ် အခြေခံသည့် တရားဝင်မဟုတ်သည့် ရလဒ်များအရ ဆန္ဒမဲပေးပွဲတွင် နေရာပေါင်း ၂၆၉၆နေရာအနက် PMLNက ၁၀၀၁နေရာဖြင့် ဦးဆောင်နေခဲ့သည်ဟု ဆိုသည်။ ခန်း၏ ပါကစ္စတန် တက်ရိအိုင်အင်းဆက် (PTI)ပါတီက အမတ်နေရာ ၂၃၁နေရာသာ အနိုင်ရရှိခဲ့ပြီး တစ်သီးပုဂ္ဂလအမတ်များက ၈၅၄နေရာ အနိုင်ရရှိသွားခဲ့သည်။

ရှရစ်၏ လက်ထက်တွင် လုံခြုံရေးနှင့်စီးပွားရေး တိုးတက်လာခဲ့သော်လည်း ကျောင်းများ ဆေးရုံများကဲ့သို့သော လူမှုရေးဝန်ဆောင်မှုလုပ်ငန်းများကို ငွေကြေးပြတ်လပ် သွားစေခဲ့သည့် ပြဿနာနှစ် ရပ်ဖြစ်သော လူချမ်းသာများ၏ အကျင့်ပျက်ခြစားမှုနှင့် အခွန်ရှောင်မှုကိုမူ ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်နေခဲ့သည်။

ပန်ဂျပ်ပြည်နယ်တွင် လူပေါင်း သန်း၂၀ကျော် ဆန္ဒမဲပေးခွင့်ရှိပြီး ဆင်းပြည်နယ်တွင် ၄.၆သန်းရှိသည်။ ပါကစ္စတန်နိုင်ငံတွင် လူဦးရေ သန်း၁၉၀ ရှိသည်။

ယခုနှစ်အစောပိုင်းက ဒေသန္တရမဲရုံများတွင် ခန်းက မေလက ခိုင်ဘာ ပက်ခတွန်ခွာတွင် အနိုင်ရခဲ့ပြီး ရှရစ်နှင့် ၎င်း၏ မဟာမိတ်များက ဇန်နဝါရီလက ဘာလူချီစတန်တွင် ထိပ်ကပြေးနေခဲ့သည်။

အောက်တိုဘာလ ၃၁ရက်နေ့က ဆင်းပြည်နယ်တွင် ပြိုင်ဘက် နိုင်ငံရေးပါတီများ အပြန်အလှန်ပစ်ခတ်ကြသောကြောင့် လူ၁၁ဦးသေဆုံးခဲ့ရသော်လည်း မည်သည့်ပါတီများ ပါဝင်ပတ်သက်နေသည်ကိုမူ ရှင်းရှင်းလင်းလင်းမသိရသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required