COVID-19 ကာလအတွင်း ဆရာဝန်အဖြစ် တာဝန်ပြန်လည်ထမ်းဆောင်မည့် Miss England

COVID-19 ကာလအတွင်း ဆရာဝန်အဖြစ် တာဝန်ပြန်လည်ထမ်းဆောင်မည့် Miss England

ဧပြီ ၇

2019 Miss England အလှမယ်တစ်ဦးဖြစ်သူ Bhasha Mukherjee သည် နိုင်ငံရပ်ခြား၌ ပရဟိတလုပ်ငန်းများဆောင်ရွက်နေရာမှ  ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားလာချိန်တွင် ဆရာဝန်ဘဝကို ပြန်လည်ထမ်းဆောင် ရန် ယူကေကိုပြန်လာခဲ့သည်။

အသက် ၂၄ နှစ်ရှိပြီဖြစ်သည့် Bhasha Mukherjee သည် Miss World 2019 ပြိုင်ပွဲ၌ အင်္ဂလန်ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဂျူနီယာဆရာဝန်ဘဝကို ခေတ္တရပ်နားခဲ့ခြင်းဖြစ်သည်။

သူမသည် ပရဟိတအဖွဲ့အစည်းတစ်ခုဖြစ်သည့် Coventry Mercia Lions Club အတွက် သံတမန်အဖြစ်ဆောင်ရွက်နေပြီး အိန္ဒိယ၌ ရောက်ရှိနေကာ လူမှုရေးလုပ်ငန်းများဆောင်ရွက်နေခြင်းဖြစ်သည်။

သို့သော် အင်္ဂလန်၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါအခြေအနေ ဆိုးရွားနေကြောင်း ကြားသိရသဖြင့် ယခင်သူမ တာဝန်ထမ်းဆောင်ခဲ့သည့်  ဘော်စတွန်ရှိ Pilgrim Hospital သို့ ဆက်သွယ်ကာ တာဝန်ပြန်လည်ထမ်းဆောင် ချင်ကြောင်း အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

“တစ်ကမ္ဘာလုံးက လူတွေ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးနေရပြီး လုပ်ဖော်ကိုင်ဖက်တွေ အရမ်းပင်ပန်းနေတဲ့အချိန်မှာ ကျွန်မအနေနဲ့ ပရဟိတလုပ်နေတယ်ဆိုရင်တောင်မှ  သရဖူကြီး ဆောင်းထားရတာ စိတ်ထဲမသန့်ပါဘူး “ ဟု Mukherjee က CNN ကိုပြောသည်။

Mukherjee  သည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ကာလကတ္တားမှ အင်္ဂလန်သို့ပြန်သွားခဲ့ပြီး Pilgrim Hospital ၌ အလုပ်မဆင်းမီ တစ်ပတ် နှစ်ပတ်ခန့် သီးခြားခွဲနေထိုင်ရဦးမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly