နေပြည်တော်တွင် သင်္ကြန်ကာလ အုန်းလက်ရေကစားမဏ္ဍပ်များပါ ခွင့်မပြု

07 April 2020
နေပြည်တော်တွင် သင်္ကြန်ကာလ အုန်းလက်ရေကစားမဏ္ဍပ်များပါ ခွင့်မပြု

နေပြည်တော်၊ ဧပြီ ၆

နိုင်ငံအတွင်း COVID- 19 ရောဂါပိုး ကူးစက်ပြန့်နှံ့မည်ကို စိုးရိမ်ရသည့်အတွက် နေပြည်တော်ကောင်စီနယ်မြေအတွင်း မဟာသင်္ကြန်ကာလတွင် မဏ္ဍပ်ကြီးများသာမက အုန်းလက်ရေကစားမဏ္ဍပ်ငယ်လေးတွေကိုပါ တားမြစ်ပိတ်ပင်သွားမည်ဖြစ်ကြောင်း ဧပြီလ(၆)ရက်နေ့ နေပြည်တော်စည်ပင်ဘဏ်တွင်ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် နေပြည်တော်ကောင်စီ ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးက ပြောသည်။

သင်္ကြန်ကာလအတွင်း နေပြည်တော်ကောင်စီနယ်မြေတွင် ရေကစားမဏ္ဍပ် အကြီး၊အသေးများ၊ အုန်းလက်မဏ္ဍပ်များ ဆောက်လုပ်ခွင့်ပိတ်ပင်မှုကို နေပြည်တော်ကောင်စီနယ်မြေ (၈)မြို့နယ် အတွင်း ကြတ်မတ် စစ်ဆေးသွားမည်ဖြစ်ကာ ဆောက်လုပ်နေမှုများကို တွေ့ရှိပါက ရောဂါထိန်းချုပ် ကာကွယ်နိုင်ရေး အတွက် နေပြည်တော်ကောင်စီသို့ လာရောက်တိုင်ကြားနိုင်ကြောင်းလည်း ၎င်းကဆိုသည်။

ရိုက်ကူး/တည်းဖြတ်- အောင်မြတ်သူ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required