COVID-19 ကူးစက်ဖြစ်ပွားနေချိန်ကာလမှာ နေအိမ်မှာပဲ ဇာတ်တိုက်လေ့ကျင့်နေကြတဲ့ လိုက်ဇစ် အော်ပရာ အနုပညာရှင်များ

COVID-19 ကူးစက်ဖြစ်ပွားနေချိန်ကာလမှာ နေအိမ်မှာပဲ ဇာတ်တိုက်လေ့ကျင့်နေကြတဲ့ လိုက်ဇစ် အော်ပရာ အနုပညာရှင်များ

ဧပြီ ၆

ဂျာမနီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေချိန်ကာလအတွင်း လိုက်ဇစ် အော်ပရာ အနုပညာရှင်တွေကတော့ ၎င်းတို့တွေရဲ့ နေအိမ်တွေမှာပဲ ဇာတ်တိုက်လေ့ကျင့်မှုတွေကို ပြုလုပ်နေကြလျက် ရှိပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၎င်းအနုပညာရှင်တွေဟာ အပြင်မထွက်ဘဲ နေအိမ်တွင်းမှာပဲ ရှိနေစဉ် ခုလိုမျိုး လေ့ကျင့်မှုတွေ လုပ်နေကြတာဖြစ်ပါတယ်။

ဗြိတိန် ဘဲလေ ကချေသည် တစ်ဦးဖြစ်တဲ့ လုခ် ဖရန်စစ် ဆိုရင် ၎င်းရဲ့ နေအိမ် မီးဖိုချောင်ကို လေ့ကျင့်မှုလုပ်တဲ့နေရာအဖြစ် အသုံးပြုလျက် ရှိပါတယ်။ ၎င်းဟာ မီးဖိုချောင် ကောင်တာကို ကောင်းကောင်း အသုံးချပြီး လေ့ကျင့် မှုတွေကို လုပ်ဆောင်လျက် ရှိပါတယ်။

အလားတူ အော်ပရာ အဆိုတော် စုံတွဲတစ်တွဲဖြစ်တဲ့ ရန်ဒေါလ် ဂျက်ကော့ချ် နဲ့ လိုင်လီ ၀ွန်ရှာတို့ဟာလည်း အတူတကွ လေ့ကျင့်လျက် ရှိပါတယ်။ တစ်ခါတစ်ရံမှာ ၎င်းတို့ရဲ့ ခွေးလေး လက်ဒ်ဝစ်ဂ်လည်း ၎င်းတို့နဲ့အတူ ရှိနေ တာကို တွေ့ရမှာ ဖြစ်ပါတယ်။

၎င်းတို့တွေကတော့ အလုပ်ကို ပြန်သွားလို့ မရနိုင်ခင်အထိ ခုလိုပဲ နေအိမ်တွေမှာပဲ လေ့ကျင့်နေကြရဦးမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly