COVID -19 ရောဂါကပ်ဆိုးကနေ ကျော်လွှားနိုင်ခဲ့သည့် အမေရိကန်ရောက် မြန်မာတစ်ဦး

06 April 2020
COVID -19 ရောဂါကပ်ဆိုးကနေ ကျော်လွှားနိုင်ခဲ့သည့် အမေရိကန်ရောက် မြန်မာတစ်ဦး

အမေရိကန်နိုင်ငံရောက် မြန်မာတစ်ဦးဟာ ကိုရိုနာဗိုင်းရပ်စ် (COVID -19) ကူးစက်ခံရပြီးနောက် ဒီရောဂါဆိုးကို ဘယ်လိုသက်သာပျောက်ကင်းခဲ့သလဲ၊ ဘာရောဂါလက္ခဏာတွေ ခံစားခဲ့ရသလဲ၊ ရောဂါဖြစ်နေစဉ် အတွင်းမှာ ဘယ်လိုနေထိုင်စားသောက်ခဲ့သလဲဆိုတာတွေကို Mizzima TV မှ သတင်းထောက် ဆုမြတ်မေဇော်က Skypeကနေတဆင့် ဆက်သွယ်မေးမြန်းထားပါတယ်။ “ကျွန်တော် ခံစားရတာကတော့ အဖျားအရမ်းတက်တဲ့အချိန်မှာ အရမ်းခံရပါတယ် နောက်အိပ်မက်ဆိုးကြီးတစ်ခုကို ကမ္ဘာပျက်လောက်အောင် ခံရတယ် အိပ်လို့မရအောင် တစ်ခါမှမကြုံဖူးတဲ့ ကမ္ဘာပျက်ကြီးကို ရောက်သွားသလိုပဲ အိပ်မက်ဆိုးထဲမှာဆို မပြောကောင်းမဆိုကောင်း ဆုံးသွားတဲ့ မိတ်ဆွေဟောင်းတွေကို ပြန်တွေ့တယ် အဲ့လောက်အထိကို ဖြစ်ခဲ့ပါတယ်” ဦးစိုင်းပန်ဆိုင် ရိုက်ကူး၊မေးမြန်း - ဆုမြတ်မေဇော် တည်းဖြတ် - ဖူးအိအိနွယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required