အိန္ဒိယ၌ COVID-19 ကူးစက်ခံရသူဦးရေ အနည်းဆုံး ၇၅ ၀၀၀ ခန့်ရှိနိုင်

အိန္ဒိယ၌ COVID-19 ကူးစက်ခံရသူဦးရေ အနည်းဆုံး ၇၅ ၀၀၀ ခန့်ရှိနိုင်

ဧပြီ ၅

ကိုရိုနာဗိုင်းရပ်စ်သည် ရက်သတ္တပတ်ပေါင်းများစွာ ကူးစက်ပြန့်ပွားနေနိုင်သောကြောင့် ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန်ကပ်ရောဂါအဖြစ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်သည့် ကူးစက်ရောဂါများ၏ ၂၀ % မှ ၅၀ % သည် ရောဂါလက္ခဏာမပြသကြောင်း ညွှန်ပြနေသည့် အချက်အလက်များစွာရှိသည်။

ကမ္ဘာ့နိုင်ငံအားလုံးနီးပါးသည် ဗိုင်းရပ်စ်ပျံ့နှံ့မှုကိုတားဆီးရန် ကြိုတင်ကာကွယ်လုပ်ဆောင်ခြင်းထက် တုံ့ပြန်မှုကိုသာ လုပ်ဆောင်ကြသည်။ အိန္ဒိယသည် COVID-19 အမြန်နှုန်းဖြင့် ပြန့်ပွားနေမှုကို ရပ်တန့်ရန် နိုင်ငံအဝှမ်း lockdown ချမှတ်ရာမှာ တခြားနိုင်ငံအများစုထက် မြန်ဆန်သော်လည်း  ထိုသို့လုပ်ဆောင်သည့်နိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည်။

စာရေးသူသည် မတ်လ ၂၀ ရက်ထုတ် ဆောင်းပါးတစ်ခုတွင် အမေရိကန်၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်သည် မတ်လ ၂၆ ရက်၌ ၈၀၀ ဦး၊ ဧပြီ ၄ ရက်၌ ၆၄၀၀ ဦးနှင့် ဧပြီ ၁၅ ရက်၌ ၂၀ ၀၀၀ စသည်ဖြင့် ရှိနိုင်ကြောင်း ခန့်မှန်းတွက်ချက်ရေးသားခဲ့သည်။

မတ်လ ၂၆ ရက်နံနက်ပိုင်းအထိ အမေရိကတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀၄၂ ဦးရှိခဲ့ပြီး ဧပြီလ ၄ ရက်တွင်  ၇၀၀၀ ကျော်အထိမြင့်တက်ခဲ့သည်။ တနည်းအားဖြင့် အမှန်တကယ်သေဆုံးသည့်အရေအတွက်နှင့် ရောဂါကူးစက်မှုအရေအတွက်သည့် ခန့်မှန်းချက်ထက် ပိုမိုများပြားခဲ့ကြောင်းတွေ့ရှိရသည်။

စာရေးသူသည် ဤဆောင်းပါး၌ အိန္ဒိယ၏ ရောဂါကူးစက်နှုန်းနှင့် လာမည့်ရက်သတ္တပတ်နှစ်ပတ်အတွင်း အနည်းဆုံးသေဆုံးနိုင်သည့် ဦးရေကို ခန့်မှန်းဖော်ပြသွားမည်။ 

အမေရိကတွင် COVID-19 ကြောင့် သေဆုံးနှုန်း ၁.၂ % ရှိမည်ဟု ခန့်မှန်းထားသည်။ သို့သော် အိန္ဒိယသည် အမေရိကထက် လူငယ်ဦးရေ ပိုများသဖြင့် သေဆုံးနှုန်း ပိုနည်းနိုင်ပြီး ၁ % သာ ရှိမည်ဟု ယူဆသည်။  ဆိုလိုသည်မှာ လူ ၁၀၀ ကူးစက်ခံရလျှင် ၁ ဦးသာ သေဆုံးမည်ဖြစ်ပြီး ကျန် ၉၉ ဦးမှာ ပြန်လည်ကျန်းမာလာမည်ဖြစ်သည်။

ခန့်မှန်းခြေအားဖြင့် ဗိုင်းရပ်စ်ကူးစက်ခံရသည့် လူတစ်ဦးသည် ၅ ရက် ၆ ရက်ကြာလာပါက ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းစသည့် ရောဂါလက္ခဏာများ စတင်ပြသလာမည်ဖြစ်သည်။ အချို့သောနိုင်ငံများတွင် ကူးစက်ခံရသူ ၂၀ % မှ ၅၀ % ခန့်သည် အဆိုပါလက္ခဏာများ မပြသကြပေ။ ထို့ကြောင့် ထိုလူများသည် ရောဂါ လျင်မြန်စွာပြန့်ပွားမှုအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။

ကူးစက်ခံရသူသည် ၅ ရက် ၆ ရက် ဆက်တိုက် ရောဂါလက္ခဏာပြလာပါက အချို့မှာ အခြေအနေဆိုးလာပြီး ဆေးရုံတင်ရသည့်အထိဖြစ်လာသည်။ ဆေးရုံတက်ပြီး ပျမ်းမျှ ၁၄ ရက်အကြာတွင်  ထိုလူနာ ပြန်ကောင်း/ မကောင်း အခြေအနေ သိရှိနိုင်သည်။

အခြေအနေမကောင်းသောလူနာသည် ရောဂါစတင် ကူးစက်ခံရပြီး ၂၄ ရက်အခန့်အကြာတွင် သေဆုံးနိုင်သည်။ အိန္ဒိယ၌ ယနေ့အချိန်ထိ COVID-19 ကြောင့် သေဆုံးသူ ၈၆ ဦးရှိပြီဖြစ်သည်။ သေဆုံးသွားသူများသည် မနေ့တစ်နေ့က ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရခြင်းမဟုတ်ဘဲ လွန်ခဲ့သော ၂၄ ရက်ခန့်က ကူးစက်ခံခဲ့ရခြင်းဖြစ်သည်။

မတ်လ ၁၁ ရက် မတိုင်ခင်က ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၈၆ ဦးသည် ပျမ်းမျှ ၂၄ ရက် ရောဂါခံစားရပြီးနောက် သေဆုံးခဲ့ကြခြင်းဖြစ်သည်။ ရောဂါကူးစက်ခံရသည့် လူ ၁၀၀ တွင် အသက်ဆုံးရှုံးသူ တစ်ဦးခန့်သာရှိသည်။

ထို့ကြောင့် မတ်လ ၁၁ ရက်တွင် အိန္ဒိယ၌ ကိုရိုနာကူးစက်ခံရသူဦးရေ ၈၆၀၀ ဦး ရှိခဲ့သည်ကို သိနိုင်သည်။ သို့သော် အိန္ဒိယအစိုးရသည် အဆိုပါ မတ်လ ၁၁ ရက်က ဗိုင်းရပ်စ်ကူးစက်သူကို ၆၀ ဦးရှိသည်ဟုသာ အတည်ပြုခဲ့ပြီး  ယနေ့အချိန်တွင် ထပ်ညွှန်းကိန်းကဲ့သို့ များပြားလာခြင်းကို ကြည့်ခြင်းအားဖြင့် အမှန်တကယ် ကူးစက်ခံရသူ အရေအတွက်ကို သတိပြုမိနိုင်ပေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required