COVID-19ကြောင့် အခြေခံပညာစာမေးပွဲအောင်စာရင်းများ သတ်မှတ်ရက် ထုတ်ပြန်နိုင်မည်မဟုတ်သေး

COVID-19ကြောင့် အခြေခံပညာစာမေးပွဲအောင်စာရင်းများ သတ်မှတ်ရက် ထုတ်ပြန်နိုင်မည်မဟုတ်သေး

ဧပြီ ၅

လက်ရှိဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်(COVID-19)ရောဂါဖြစ်ပွားနေမှုကြောင့် စတုတ္ထတန်းနှင့် အဋ္ဌမတန်းအပါအဝင် အခြေခံပညာအတန်းများ၏ အောင်စာရင်းများကို သတ်မှတ်ရက်တွင် ထုတ်ပြန်နိုင်မည်မဟုတ်ကြောင်း အခြေခံအပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဦးတင်မောင်းဝင်းက မဇ္စျိမသို့  ပြောသည်။

အဆိုပါ အတန်းများ၏ စာမေးပွဲအောင်စာရင်းများကို မူလက ဧပြီလ ၂၆ရက်တွင် ထုတ်ပြန်ကြေငြာပေးသွားရန် သတ်မှတ်ထားသော်လည်း လက်ရှိဖြစ်ပွားနေသည့် COVID-19 ဗိုင်းရပ်စ်ကူးစက်မြန်ရောဂါဖြစ်ပွားမှုကြောင့် အောင်စာရင်းများထုတ်ပြန်မည့်ရက်ကို ပြန်လည်ညှိနှိုင်းနေရခြင်းဖြစ်ကြောင်း သိရသည်။

“ အတန်းငယ်လေးတွေကတော့ စစ်ဆေးပြီးပြီ။အောင်စာရင်းထုတ်ပြန်လိုက်တဲ့အခါ လူစုလူဝေးနဲ့ လာကြည့်တာတွေ ဖြစ်မှာဆိုးတဲ့အတွက် အောင်စာရင်းထုတ်ပြန်ပေးဖို့ကို ဆက်ပြီး ညှိနှိုင်းသွားမှာပါ” ဟု အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဦးတင်မောင်ဝင်းက မဇ္စျိမသို့ပြောသည်။

လက်ရှိတွင် ကျောင်းတွင်းစစ်အတန်းများ၏ အောင်စာရင်းများကို   ပြုစုပြီးဖြစ်သော်လည်း ခရိုင်းနှင့် တိုင်းဒေသကြီး၊ပြည်နယ်များမှ စစ်ဆေးရမည့် စတုတ္ထတန်းနှင့် အဋ္ဌမတန်း ကျောင်းသား၊ကျောင်းသူများ၏ အမှတ်စာရင်းများမှာ စစ်ဆေးပြီးခြင်းမရှိသေးကြောင်းလည်း သိရသည်။

ထို့ပြင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ၏ အမှတ်စာရင်းများမှာလည်း COVID-19ကူးစက်မြန်ရောဂါကြောင့် စစ်ဆေးနိုင်ခြင်းမရှိသေးသည့်အတွက် ပုံမှန်အောင်စာရင်းများ ထုတ်ပြန်သည့်  ဇွန်လ ပထမပတ်(သို့မဟုတ်)ဒုတိယအပတ်တို့တွင် ထွက်ရှိနိုင်ရန်မှာလည်း သေချာခြင်းမရှိသေးကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required