5G နှင့် ကိုရိုနာဗိုင်းရပ်စ်အကြား အချိတ်အဆက် ရှိသည်ဆိုသည့် ပြောဆိုချက်များ ထွက်ပေါ်နေချိန် ဗြိတိန်၌ ဖုန်းတာဝါတိုင်များ မီးလောင်မှုဖြစ်စဉ်များကို စစ်ဆေးနေ

5G နှင့် ကိုရိုနာဗိုင်းရပ်စ်အကြား အချိတ်အဆက် ရှိသည်ဆိုသည့် ပြောဆိုချက်များ ထွက်ပေါ်နေချိန် ဗြိတိန်၌ ဖုန်းတာဝါတိုင်များ မီးလောင်မှုဖြစ်စဉ်များကို စစ်ဆေးနေ

ဧပြီ ၅

5G နှင့် ကိုရိုနာဗိုင်းရပ်စ်အကြား ဆက်သွယ်ချိတ်ဆက်မှုတစ်ခု ရှိသည်ဆိုသည့် အကွက်ချကြံစည် ပြောဆိုသည့် သီအိုရီများ ထွက်ပေါ်နေချိန်ကာလအတွင်း ဗြိတိန်တွင် ဖုန်းတာဝါတိုင်များ မီးလောင်မှုဖြစ်စဉ်များကို တာဝန်ရှိသူများက စစ်ဆေးနေလျက် ရှိသည်။

မာဆေးဆိုဒ်ကောင်တီတွင် ဘာမင်ဂမ်၊ လီဗာပူးနှင့် မယ်လင်းမြို့တို့ရှိ ဖုန်းတာဝါတိုင်များ မီးလောင်မှုများ ဖြစ်ပေါ်ခဲ့သည်။

YouTube နှင့် Facebook တွင် ဝေမျှထားပြီး Aigburth အရပ်တွင် ဖြစ်ခဲ့သည် ဆိုသည့် တာဝါတိုင်မီးလောင်မှု ဗီဒီယိုတစ်ခုတွင် မိုဘိုင်းနည်းပညာနှင့် COVID-19 အကြား ဆက်သွယ်ချိတ်ဆက်မှု ရှိနေကြောင်း ပြောဆိုထားသည်။

ယင်းသည် အန္တရာယ်များပြီး အဓိပ္ပါယ်မရှိသော ပြောဆိုချက်များဖြစ်ကြောင်း အစိုးရအဖွဲ့ရုံးဝန်ကြီး မိုက်ကယ် ဂို့ဗ်က ပြောသည်။

ထိုကဲ့သို့ ပြောဆိုနေသော အချိတ်အဆက်တစ်ခုနှင့်ပတ်သက်၍ ခိုင်လုံသည့် သက်သေအထောက်အထား မရှိကြောင်း ဒစ်ဂျစ်တယ်၊ ယဉ်ကျေးမှု၊ မီဒီယာနှင့် အားကစား ဝန်ကြီးဌာနက တွစ်တာကနေတဆင့် ပြောသည်။

ထို့ပြင် ကုန်သွယ်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ Mobile UK ကလည်း ထိုကဲ့သို့သော ကောလာဟလများနှင့် အကွက်ချကြံစည် သီအိုရီများသည် အင်မတန် ပူပန်စရာကောင်းကြောင်း ပြောသွားသည်။

Aigburth ရှိ တယ်လီကွန်မြူနစ်ကေးရှင်း ပုံးတစ်ခု ပြီးခဲ့သည့် ဧပြီ ၃ ရက်က မီးလောင်မှုဖြစ်ခဲ့ပြီးနောက် ယင်းဖြစ်စဉ်ကို မာဆေးဆိုဒ် ရဲတပ်ဖွဲ့က စုံစစ်စစ်ဆေးလျက် ရှိသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ်ဟု ယူဆရသည် ဗီဒိယိုတစ်ခုလည်း YouTube ပေါ်သို့ တက်လာခဲ့သည်။

BBC ၏ အတည်ပြုချက်အရ ယင်းဗီဒီယိုသည် အစစ်အမှန်ဖြစ်သည်ဟု ယူဆရသော်လည်း ယင်း တယ်လီကွန်မြူနစ်ကေးရှင်း ပုံးသည် 5G နည်းပညာနှင့် တစုံတရာ ပတ်သက်နေသည်လား ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။

တချိန်တည်းမှာပင် ဧပြီ ၃ ရက်ညက လီဗာပူးမြို့ မြောက်ပိုင်း မယ်လင်းရှိ 5G တိုင်တစ်တိုင် မီးလောင်ကျွမ်းမှုကို စစ်ဆေးနေကြောင်း မာဆေးဆိုဒ် မီးသတ်နှင့် ကယ်ဆယ်ရေးဌာနက ပြောသည်။

ထို့ပြင် ဘာမင်ဂမ်တွင် ဖြစ်ပွားသော မီးလောင်ကျွမ်းမှုတစ်ခုတွင် တယ်လီကွန်မြူနစ်ကေးရှင်းဆိုဒ်တစ်ခုရှိ ပေ ၇၀ တာဝါတိုင်တစ်တိုင် ပါဝင်ပတ်သက်နေသည်ဟု မစ်ဒ်လန်းဒ်အနောက်ပိုင်း မီးသတ်ဌာနက ပြောသည်။ သို့သော် မီးလောင်ရခြင်းအကြောင်းရင်းကို ဖော်ထုတ်ရဦးမည် ဖြစ်ပြီး ယင်းတိုင်သည် 5G ဖြစ်သလား အတည်ပြုနိုင်ခြင်းမရှိပေ။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုအရေး အစိုးရ၏ တစ်နေ့တာအတွင်း ကိုင်တွယ်ဆောင်ရွက်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် မစ္စတာ ဂို့ဗ် က 5G နှင့် ကိုရိုနာဗိုင်းရပ်စ်ကို ချိတ်ဆက်သည့် အကွက်ချကြံစည် သီအိုရီများသည် အဓိပ္ပါယ်မရှိဘဲ အန္တရာယ်ကြီးကြောင်း ပြော သွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly