ဆီမီးမြို့ရှိ စစ်ဘေးရှောင် ၂၆၀၀ အတွက် နှစ်လတာစားနပ်ရိက္ခာများ WFP ထောက် ပံ့

ဆီမီးမြို့ရှိ စစ်ဘေးရှောင် ၂၆၀၀ အတွက် နှစ်လတာစားနပ်ရိက္ခာများ WFP ထောက် ပံ့

ဧပြီလ ၅ရက်

ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆီမီးမြို့ရှိ စစ်ရှောင် ၂၆၀၀ ဦး တို့၏ နှစ်လတာစားနပ်ရိက္ခာများကို ကမ္ဘာ့စားနပ် ရိက္ခာအဖွဲ့ (WFP) ကသွားရောက် ထောက်ပံ့ခဲ့ကြောင်းသိရသည်။

ဆီမီးမြို့သို့ပေးခဲ့သည့် စားနပ်ရိက္ခာများမှာ ဆန် ၅၀ Kg အိတ် ၁၂၀၀ ၊ ဆီ တစ်လီတာဗူး ၅၀၀၀ ၊ဆားမက်ထရစ်တန် တစ် တန် ပဲနှင့် မီးဖိုချောင်သုံးပစ္စည်းများအပါအဝင် မိခင်များနှင့် ကလေးများအတွက် အာဟာရအားဖြည့်အစာများလည်း ပါဝင်သည်။

ကမ္ဘာ့စားနပ် ရိက္ခာအဖွဲ့ (WFP )Myanmar ၏ ဆက်သွယ်ဆက်ဆံရေးအရာရှိ ကိုထက်ဦးလင်းက “ ကျွန်တော်တို့ ဒေသခံတွေအတွက် ပြည်နယ်အစိုးရနဲ့ ပူးပေါင်းပြီးတော့ ထောက်ပံ့လှူဒါန်းမှုတွေပြုလုပ်ခဲ့တာပါ။ မတ်လ နောက်ဆုံးအပတ်က သွားရောက်ပြီးတော့ ထောက်ပံ့မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်” ဟု မဇ္ဈိမသို့ပြောသည်။

ယခုထောက်ပံ့မှုကို မတ်လ ၂၇ ရက်နေ့က စစ်ရှောင်စခန်းေ့ခြာက်ခုက လူဦးရေ ၂၆၀၀ လက်ဝယ်သို့အရောက်ပေးပို့ခဲ့ပြီးဖြစ်သည်။ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်အကြားတွင်ရှိသည့် ပလက်ဝမြို့သည် တပ်မတော်နှင့် အေအေလက်နက်ကိုင် အဖွဲ့သို့ကြားဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်နေပြီး အခြေခံကုန်ပစ္စည်းဈေးနှုန်းများမှာလည်း မြင့်တက်လျက်ရှိသည်။

ကမ္ဘာ့စားနပ် ရိက္ခာအဖွဲ့ (WFP )Myanmar သည် ရခိုင်ပြည်နယ်တွင်ရှိ စစ်ရှောင်ပြည်သူ ၂၇၀၀၀ဦး၊ ကချင်ပြည်နယ်တွင် ၄၇၀၀၀ဦး၊ ရှမ်းပြည်နယ်တွင် ၁၅၀၀၀ဦးတို့ကို စားနပ်ရိက္ခာများ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

ပလက်ဝမြို့ပေါ်ရှိ စစ်ရှောင်ပြည်သူများထံသို့လည်း အရေးပေါ်လိုအပ်နေသည့် ထောက်ပံ့ရေးပစ္စည်းများကို ပေးပို့နိုင်ရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းနေကြောင်း ကမ္ဘာ့စားနပ် ရိက္ခာအဖွဲ့(WFP) Myanmar တာဝန်ရှိသူများက ပြောသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required