CNN မှ ရုပ်သံအစီအစဉ်တင်ဆက်သူ Brooke Baldwin ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

CNN မှ ရုပ်သံအစီအစဉ်တင်ဆက်သူ Brooke Baldwin ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

နယူးယောက်၊ ဧပြီ ၅

CNN သတင်းဌာနမှ ရုပ်သံအစီအစဉ်တင်ဆက်သူ Brooke Baldwin သည် COVID-19 ရောဂါလက္ခဏာများခံစားရသဖြင့် စမ်းသပ်စစ်ဆေးကြည့်ရာ  ဗိုင်းရပ်စ်ကူးစက်ခံထားရသည်ကို တွေ့ရှိခဲ့ကြောင်း သောကြာနေ့က ထုတ်ဖော်ပြောကြားခဲ့သည်။

"ကျွန်မ အဆင်ပြေပါတယ်၊  မနေ့က မွန်းလွဲပိုင်းမှာ ရုတ်တရက် ဖျားနာ ကိုက်ခဲပြီးတော့ အအေးမိသလို ဖြစ်လာခဲ့တာပါ ” ဟု Baldwin က သူမ၏ Instragram တွင် ပို့စ်ရေးတင်ခဲ့သည်။

နယူးယောက်ရှိ CNN သတင်းဌာနတွင် ရုပ်သံတင်ဆက်သူအဖြစ် တာဝန်ထမ်းဆောင်နေသည့် Baldwin က သူမအနေဖြင့် ကြိုတင်ကာကွယ်မှုများအားလုံးကို စနစ်တကျ လိုက်နာနေပြီး သီးခြားကန့်သတ်နေထိုင်ကာ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်နေသည်ဟု ပြောသည်။

ဗိုင်းရပ်စ်ကူးစက်ခံနေရသော်လည်း Baldwin က သူမကိုယ်သူမ ကံကောင်းသူတစ်ဦးဟု သတ်မှတ်ထားပြီး မကြာမီ ရုပ်သံအစီအစဉ်များပြန်လည်တင်ဆက်ရန် မျှော်လင့်ထားသည်ဟုဆိုသည်။

"ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ဖို့ ရှေ့တန်းကနေ တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာဝန်တွေနဲ့ သူနာပြုတွေကို ချီးမွမ်းလိုက်ကြပါ၊ သူတို့အတွက် ကျွန်မ မေတ္တာတွေ ပို့သပေးနေပါတယ်" ဟု Baldwin က သူမ၏ Instagram ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly