Nikon School Online မှာ ဓာတ်ပုံပညာရပ်များ အခမဲ့ လေ့လာနိုင်

Nikon School Online မှာ ဓာတ်ပုံပညာရပ်များ အခမဲ့ လေ့လာနိုင်

ဧပြီ ၄

ဓာတ်ပုံပညာရပ်တွေ သင်ကြားပို့ချပေးတဲ့ Nikon School က ဓာတ်ပုံနဲ့ဗီဒီယိုရိုက်ကူးမှုဆိုင်ရာပညာရပ်တွေကို Nikon School Online ကနေ ဧပြီလ တစ်လလုံး အခမဲ့ကြည့်ရှုခွင့်ပေးထားတယ်လို့ သိရပါတယ်။

Nikon Z 50 ကင်မရာကိုသုံးပြီး ဗီဒီယိုရိုက်ကူးပုံအပါအဝင် ကင်မရာနဲ့ပတ်သက်ပြီး သိသင့်သိထိုက်တာတွေအားလုံးကို နိုင်ငံတကာက ကျွမ်းကျင်ပညာရှင်အသီးသီးက ပို့ချပေးထားတဲ့ ဗီဒီယိုဖိုင်တွေတင်ထားပါတယ်။

လေ့လာနိုင်တဲ့ဘာသာရပ်တွေထဲမှာ Nikon DSLR ကို အသုံးပြုပြီး လှပတဲ့ဓာတ်ပုံတွေနဲ့ရုပ်ထွက်ကောင်းတဲ့ ဗီဒီယိုဖန်တီးပုံ၊ ကလေးတွေ၊ အိမ်မွေးတိရစ္ဆာန်တွေနဲ့ သဘာဝကျတဲ့ဓာတ်ပုံတွေရိုက်ကူးပုံ၊ SB-500 နဲ့ အလင်းချိန်ပုံနဲ့ ကင်မရာစက်တင်ချိန်နည်းတွေကို သက်ဆိုင်ရာ ဘာသာရပ်ပညာရှင်တွေက ပြောပြပေးထားပါတယ်။

ဒါ့အပြင် ဓာတ်ပုံအခြေခံပညာရပ်တွေ၊ သဘာဝပတ်ဝန်းကျင်နဲ့ ရှုခင်းပုံရိုက်နည်းများ၊ DSLR ကင်မရာနဲ့ music video ဖန်တီးပုံ၊ Macro Photo ရိုက်ကူးနည်းတွေကို ဓာတ်ပုံပညာရှင်နဲ့ သင်တန်းနည်းပြတွေက သင်ကြားပို့ချထားတာတွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။

ဓာတ်ပုံပညာရပ်ကိုစိတ်ဝင်စားသူတွေအနေနဲ့ ဧပြီလတစ်လလုံး Nikon School Online မှာ အခမဲ့လေ့လာနိုင်တဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly