အသက် ၈၉ နှစ်အရွယ်ရောက်ကာမှ ကလေးအဖေဖြစ်ဦးမယ့် ဖော်မြူလာဝမ်းပိုင်ရှင်

အသက် ၈၉ နှစ်အရွယ်ရောက်ကာမှ ကလေးအဖေဖြစ်ဦးမယ့် ဖော်မြူလာဝမ်းပိုင်ရှင်

ကမ္ဘာပေါ်မှာ ရေပန်းအစားဆုံး ကားမောင်းပြိုင်ပွဲတစ်ခုဖြစ်တဲ့ ဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲရဲ့ပိုင်ရှင် ဘာနီ အက်ကလက်စတုန်း တစ်ယောက်တော့ အသက် (၈၉)နှစ်အရွယ် ရောက်ကာမှ ကလေးတစ်ယောက်ထပ်ပြီး ရဦးမှာပါ။

လက်ရှိမှာ သမီး(၃)ယောက်ရဲ့ ဖခင် ဖြစ်နေပြီဖြစ်တဲ့ ဘာနီဟာ သူ့ရဲ့တတိယမြောက်ဇနီးသည် ဖာဘီယာနာနဲ့အတူ ပထမဆုံးသားယောကျင်္ားလေးကို မွေးဖွားတော့မှာဖြစ်ပြီး သူ့ရဲ့(၄)ယောက်မြောက် ရင်သွေးဖြစ်လာတော့မှာပါ။

လက်ရှိမှာ မြေး(၅)ဦးအထိ ရှိနေပြီဖြစ်တဲ့ ဘာနီဟာ သူ့ရဲ့အသက် (၆၅)နှစ်မှာ ပထမဆုံး သမီးဦးကို မွေးဖွားခဲ့တာဖြစ်ပြီး သူ့ရဲ့ပထမဇနီး အိုင်ဗီနဲ့ ရရှိခဲ့တဲ့ရင်သွေးပါ။

အဲဒီနောက်မှာတော့ သူ့ရဲ့ဒုတိယမြောက် အိမ်ထောင်ဖြစ်တဲ့ ဆလာဗီကာနဲ့အတူ တာမာရာနဲ့ ပီထရာ ဆိုတဲ့ သမီးနှစ်ယောက်ကို ထပ်မံမွေးဖွားခဲ့တာဖြစ်ပြီး အခုကတော့ သူ့ရဲ့ တတိယမြောက် ဇနီးသည်နဲ့အတူ ယောကျင်္ားလေးတစ်ယောက်ကို ထပ်ပြီးရဖို့ရှိနေတာပါ။

လာမယ့်နွေရာသီမှာ ဖာဘီယာနာအနေနဲ့ သားယောကျင်္ားလေး မွေးဖွားသွားမှာဖြစ်တယ်လို့ ဘာနီက အတည်ပြုခဲ့ပြီး သူ့အတွက်တော့ ကလေးယူဖို့ဆိုတာ ဘယ်အသက်အရွယ်မှာပဲ ဖြစ်ဖြစ် အဆင်ပြေကြောင်း ဟာသဖောက် ပြောဆိုသွားခဲ့ပါတယ်။

ဘာနီနဲ့ ဖာဘီယာနာတို့ဟာ ၂၀၁၂ ခုနှစ်ကတည်းက ဆွစ်ဇာလန်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပေမယ့် ၈ နှစ်လောက်ကြာပြီးနောက်မှာမှ ပထမဆုံးရင်သွေးကို ရယူခဲ့တာပါ။

ဖာဘီယာနာ ကတော့ သားသမီးတွေနဲ့ပတ်သက်လို့ မိဘတွေရဲ့ဆန္ဒက တစ်ခုတည်းရှိနေပြီး အဲဒါကတော့ ကလေးကို ကျန်းကျန်းမာမာမွေးဖွားနိုင်ဖို့ပဲလို့ ဆိုလိုက်ပါတယ်။

ဘာနီ အက်ကလက်စတုံးဟာ ၂၀၁၆ ခုနှစ်ကတည်းက ဖော်မြူလာဝမ်းပြိုင်ပွဲကို မီဒီယာကုမ္ပဏီတစ်ခုဆီ လက်လွှဲပေးလိုက်ပြီး သူ့ရဲ့နေရာကို ဖော်မြူလာဝမ်းအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ချေ့ကာရေး ကို လွှဲပြောင်းပေးခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly