ပေါက်ခေါင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို အားကစားခန်းမတွင် အစားထိုးဖွင့်လှစ်မည်

ပေါက်ခေါင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို အားကစားခန်းမတွင် အစားထိုးဖွင့်လှစ်မည်

ဧပြီ ၃

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသည့် ပေါက်ခေါင်းမြို့နယ်၊ ဒုမြို့နယ် အုပ်ချုပ်ရေးမှူ း တာဝန်ထမ်းဆောင်ခဲ့သော မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ပိတ်သိမ်းထားပြီး လက်ရှိတွင်  မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို ပေါက်ခေါင်းမြို့နယ် အားကစားခန်းမတွင် အစားထိုးဖွင့်လှစ်သွားမည်ဖြစ်သည်။

အားကစားခန်းမတွင် အစားထိုးဖွင့်လှစ်သွားမည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူ းရုံးကို ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ လူအင်အားတချို့ဖြင့် တိုးချဲ့ဖွဲ့စည်းကာ လုပ်ငန်းများအား ဆက်လက်လုပ်ဆောင်မည် ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီး၊ ပဲခူးတိုင်း COVID- 19 ကာကွယ်ရေးကော်မတီဥက္ကဌ ဦးထွန်းထွန်းဦးက ပြောသည်။

“ပေါက်ခေါင်းက ထိန်းချုပ်ရေးကော်မတီတစ်ခုလုံးက မိသွားတော့ လူအင်အားဖြည့်စွက်ပြီး ပြည်ခရိုင်ထွေအုပ်ကလည်း လူအင်အားဖြည့်စွက်ပြီးတော့ ပြန်လည်ပတ်ဖို့တော့ စီစဉ်နေပါပြီ။ အမြန်ပြန်လုပ်ရမှာပါ။” ဟု ဦးထွန်းထွန်းဦးက ပြောသည်။

COVID-19 ရောဂါပိုးတွေ့ရှိသူ (Case 15) ၁၅ယောက်မြောက်အမျိုးသမီးလူနာ၏ ခင်ပွန်းဖြစ်သူ ပေါက်ခေါင်းမြို့နယ်ဒုအုပ်ချုပ်ေရးမှူးအပါအဝင် မိသားစုဝင် ၄ဦးကို လက်ရှိတွင် ပေါင်းခေါင်းပြည်သူ့ဆေးရုံကြီး၌ တင်ပို့ကုသလျှက်ရှိသည်။

၁၅ယောက်မြောက်လူနာ၊အသက်(၄၅)နှစ်အရွယ်အမျိုးသမီး၏ ခင်ပွန်းဖြစ်သူ အသက်(၄၇)နှစ်၊ သားဖြစ်သူ အသက်(၁၀)နှစ်၊ သမီးဖြစ်သူ အသက်(၈)နှစ်နှင့် တူမဖြစ်သူ အသက်(၁၈) နှစ် တို့ကို    မတ်လ ၃၁ရက်ညပိုင်းက နှာခေါင်းတို့ဖတ်ယူစစ်ဆေးရာ ဧပြီ ၂ရက်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရေကြာင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဋ္ဌာန ဧပြီ ၂ရက်နေ့ည ၈နာရီ ထုတ်ပြန်ခဲ့သည်။

ပေါက်ခေါင်းမြို့နယ် ဒုအုပ်ချုပ်ရေးမှူးသည် မတ်လ ၂၆ရက်က ရန်ကုန်၊ ဆရာစံမြောက်၊ အနောက်ရပ်ကွက်၊ အနောက်ဗဟိုလမ်းတွင်နေထိုင်သည့်  ၎င်း၏ အမျိုးသမီးဖြစ်သူ(၁၅ဦးမြောက်လူနာ)နေထိုင်သည့် နေအိမ်သို့သွား ရောက်ခဲ့ပြီး မတ်လ၂၇ရက်နေ့တွင် ကလေးသုံးဦးကိုခေါ်ယူကာ ပေါက်ခေါင်းမြို့နယ်သို့ ပြန်ခဲ့ခြင်းဖြစ်သည်။

“၂၆ရက်နေ့က သူ့မိန်းမက လှမ်းခေါ်တယ်။ ကလေးနှစ်ယောက်နဲ့သူ့တူမကို လာခေါ်ပါဆိုလို့ သူကသွားခေါ်တယ်။ သူ့ မိန်းမကလည်း ပြင်သစ်နိုင်ငံသားတွေနဲ့ ထိစပ်နေတာရှိတဲ့အတွက် ကလေးတွေကို စိတ်မချလို့ ပေါက် ခေါင်းကို ပို့လိုက်တဲ့အပိုင်းပါတယ်ပေါ့ေနာ်။ သူက ၂၆ရက်နေ့သူ့မိန်းမဆီ ရောက်တယ်။ ၂၇ရက်နေ့ပေါက်ခေါင်းကို ပြန်လာတယ်။ သူလည်းသူ့မိန်းမဖြစ်နေမှာကို မသင်္ကာတဲ့အတွက် အစည်းအဝေးသာလုပ်တာ။ တခြားဘယ်မှမသွားဘူး။ အိမ်ထဲက အိမ်ပြင်မထွက်ဘူး။ ဆင်ဆင်ခြင်ခြင်နေခဲ့လို့တော်သေးတယ်။” ဟု ဦးထွန်းထွန်းဦးက ဆိုသည်။

ရန်ကုန်မှ ပေါက်ခေါင်းသို့ ပြန်ရာလမ်းတစ်လျှောက်တွင် မည့်သည့်ထမင်းဆိုင်တွင်မှ ဝင်ရောက်စားသုံးခြင်းမရှိသော်လည်း  ပေါက်ခေါင်းမြို့နယ်ရှိ ပြည်ပဒေသာ လျှပ်စစ်ပစ္စည်းဆိုင်တွင် TV ဝယ်ယူခဲ့မှုကြောင့် ထိုဆိုင်ကို ပိတ်ထားကြောင်း ဦးထွန်းထွန်းဦးက ဆိုသည်။

“သူတို့ရန်ကုန်ကပြန်လာတဲ့အချိန်မှာ ပြည်ပဒေသာဆိုတဲ့ဆိုင်ဝင်တယ်။ အဲဒီဆိုင်ကိုအခုပိတ်ထားတယ်။ TV ဝင်ဝယ်တယ်ကြားလို့။ အဲဒီဆိုင်ပါပိတ်ခိုင်းထားတယ်။ လောလောဆယ်တော့ ဘယ်နေရာမှသွားထားတာ မရှိဘူးပြောတယ်။ ရန်ကုန်ကလာတဲ့အချိန်မှာလည်း ထမင်းချိုင့်နဲ့ လာတယ်။ လမ်းထမင်းဆိုင်တွေမှာ ဝင်မစားဘူး။ လမ်းမှာရပ်ပြီး လမ်းထမင်းဆိုင်တွေမှာ ဝင်မစားဘူးပြောတယ်။ နှာခေါင်း တို့ဖတ်ယူတာက ပေါက်ခေါင်း DNO တို့ ဘာတို့ပေါ့နော်။ နှာခေါင်းတို့ဖတ်ယူပြီးတော့ရန်ကုန်ကို ပို့ပေးရတာပေါ့နော်။ ၃၁ရက်နေ့ သူ့မိန်းမလည်းတွေ့ရော သူတို့ကို နှာခေါင်းတို့ဖတ်ယူပြီးစစ်တာပေါ့ေနာ်။” ဟု ဦးထွန်းထွန်းဦး ကပြောသည်။
မတ်လ ၂၇ရက်နေ့တွင် ပေါက်ခေါင်းမြို့နယ်၊ အမှတ်(၅) ရပ်ကွက်ရှိနေအိမ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

ထို့နောက် မတ်လ ၂၈ရက်က အမှတ်(၄) ရပ်ကွက်ရှိ ပေါက်ခေါင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ကိုရိုနာဗိုင်းရပ်စ်ကြိုတင်ကာကွယ်ရေးညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ပြီး ၎င်းအစည်းအဝေးတွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ၂ဦး၊ အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးကော်မတီ အဖွဲ့ဝင်များ၊ မြို့ပေါ် ၅ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများနှင့်အတူ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် ၂၀ဦး တက်ရောက်ခဲ့ကြောင်းနှင့်  မတ်လ ၂၉ရက်တွင်လည်း အဆိုပါ၂၀ဦး အပါအဝင် ဘဏ္ဍာငွေရှာဖွေရေးအဖွဲ့ဝင် ၄ဦးပါ ထပ်မံတက်ရောက်ခဲ့ခြင်းကြောင်းသိရသည်။

၎င်းအစည်းအဝေးတက်ရောက်ခဲ့သူများတွင်  ပေါက်ခေါင်းနှင့်သဲကုန်းမြို့နယ်နှစ်ခုကိုတွဲ၍ အလုပ်လုပ်ကိုင်ရသည့် လဝကမှူ းသည်လည်း ပါဝင်ခြင်းကြောင့်   ပေါက်ခေါင်းလဝကရုံး၊ သဲကုန်းလဝကရုံးတို့ကိုလည်း ပိတ်မည်ဖြစ်ပြီး လဝကမှူးနှင့်အတူ အစည်းအဝေးတက်ရောက်ခဲ့သူများကို Quarantineပြုလုပ်ထားသည်။

လဝကမှူးနှင့် ကားအတူစီးခဲ့သည့် ပြည်လဝကမှူးကိုလည်း၁၄ရက်စောင့်ကြည့်မည်ဖြစ်ပြီးပေါက်ခေါင်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ သဲကုန်းမြို့နယ် လဝကရုံး၊ ပေါက်ခေါင်းမြို့နယ်လဝကရုံး၊ ပြည်မြို့ရှိ လဝကရုံး၊ ပြည်မြို့နယ်ရဲမှူးနေအိမ်၊ရုံးနှင့် ပေါက်ခေါင်းမြို့နယ် စျေးကိုလည်း ပိတ်ရန်ညွှန်ကြားထားပြီးဖြစ်ကြောင်း ဦးထွန်းထွန်းဦးက ဆိုသည်။

ဒုအုပ်ချုပ်ရေးမှူးနှင့် အနီးဆုံးနေရာများတွင် ထိုင်ခဲ့သူများကို Facility Quarantine  ထားပြီး အဝေးတွင်ထိုင်ခဲ့သူများကို ိုHome Quarantine ထားထားကြောင်း ပြောသည်။

လက်ရှိတွင် ပေါင်ခေါင်းမြို့နယ် အထက(၁)၌ Facility Quarantine ထားသူ ၁၅ ဦးရှိပြီး  နေအိမ်များတွင်Home Quarantine ထားသူထမအုပ်စု ၂၆ဦးနှင့် ဒုတိယအုပ်စု ၁၄ဦးထားထားကြောင်း သိရသည်။

ယင်းသို့ စျေးကိုပိတ်ရန်ညွှန်ကြားထားသောေကြာင့် အများပြည်သူစျေးဝယ်ယူနိုင်ရေးအတွက် နေရာများသတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပေါက်ခေါင်းမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်မင်းဇော်က ပြောသည်။

အစည်းအဝေးတက်ရောက်ခဲ့သည့် ပေါက်ခေါင်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ်အားလုံး နေအိမ်တွင် ၁၄ရက်စောင့်ကြည့်ထဲပါသည့်အတွက် ဖုန်းဖြင့် အစည်းအဝေးပြုလုပ်ခြင်း၊ ညွှန်ကြားခြင်းများပြုလုပ်လျှက်ရှိကြောင်း သူက ဆိုသည်။

ပေါက်ခေါင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီဒွန်းကမူ ၂၈ရက်နှင့်၂၉ရက်က အစည်းအဝေးများတွင် ထိုင်ခုံကို ၃ပေစီ ခြား၍ ထိုင်ခဲ့ကြောင်း၊ ဒု အုပ်ချုပ်ရေးမှူးသည် mask တပ်ထားကြောင်းပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly