ကမ္ဘာတစ်ဝန်း၌ COVID-19 ကူးစက်ခံရသူ ၁ သန်းကျော်ရှိပြီး အမေရိကန်တွင် လူ ၂ သိန်းကျော်ကူးစက်ခံရ

ကမ္ဘာတစ်ဝန်း၌ COVID-19 ကူးစက်ခံရသူ ၁ သန်းကျော်ရှိပြီး အမေရိကန်တွင် လူ ၂ သိန်းကျော်ကူးစက်ခံရ

ဧပြီ ၃

ဧပြီ ၂ ရက်၌ ကမ္ဘာတစ်ဝှမ်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက်သည် တစ်သန်းကျော်အထိမြင့်တက်ခဲ့ပြီး လူပေါင်း ၅၀,၀၀၀ ကျော်သေဆုံးခဲ့ပြီဖြစ်သည်။

 ဥရောပ သည် ကပ်ရောဂါကို ဆိုးရွားစွာခံစားနေရပြီး  အမေရိကန်ပြည်ထောင်စုသည်လည်း  ကမ္ဘာ့နိုင်ငံများအကြား နေ့စဉ်သေဆုံးမှုနှုန်း အမြင့်ဆုံးဖြစ်လျက်ရှိသည်။

ကမ္ဘာ့နိုင်ငံထက်ဝက်ကျော်ခန့်မှ အဝင်အထွက် lockdown ချထားသော်လည်း  ဗိုင်းရပ်စ်သည် အမေရိကန်၊ စပိန်နှင့်ဗြိတိန်နိုင်ငံတို့မှ လူထောင်ပေါင်းများစွာ၏အသက်ကို နုတ်ယူလျက်ရှိသည်။

Johns Hopkins တက္ကသိုလ်၏ ကိန်းဂဏန်းအချက်အလက်အရ COVID-19 သည် အမေရိကတွင် လျင်မြန်စွာ ကူးစက်ပျံ့နှံ့နေပြီး ဧပြီ ၃ ရက်မနက်ပိုင်းအထိ ကူးစက်သူပေါင်း ၂၄၄,၈၇၇  ဦးနှင့်သေဆုံးမှု ၆၀၇၀  ဦး ရှိပြီဖြစ်သည်။ ပြီးခဲ့သည့်ရက်ပိုင်းက အမေရိကန်တွင်    ၂၄ နာရီအတွင်း သေဆုံးသူ ၁,၁၆၉ ဦးအထိပင်  ရှိခဲ့သည်။

COVID-19 ကပ်ရောဂါကြောင့် ဒီမိုကရက်တစ်ပါတီသည် သမ္မတဒေါ်နယ်ထမ့်အတွက် ပြိုင်ဖက် ကိုယ်စားလှယ်လောင်းရွေးချယ်ခြင်းကို ဇူလိုင် (၁၃-၁၆) မှ ဩဂုတ် ၁၇ ရက်သို့ ရွှေ့ဆိုင်းလိုက်ကြောင်းကြေညာခဲ့သည်။

အမေရိကန်၏ရောဂါဖြစ်ပွားမှု ဗဟိုချက်ဖြစ်လာသော နယူးယောက်တွင် မြို့တော်ဝန် ဘီလ်ဒီဘလာစီယိုက ဒေသခံများအား အပြင်ထွက်ရာ၌ မျက်နှာစည်းများတပ်ရန် တိုက်တွန်းပြောဆိုခဲ့သည်။

ယနေ့အချိန်ထိ တစ်ကမ္ဘာလုံးတွင် ကိုရိုနာကူးစက်ခံရသူ ၁ ၀၁၅ ၀၆၅ ဦးနှင့် သေဆုံးသူပေါင်း ၅၃ ၁၆၇ ဦးရှိပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly