နေမာရဲ့ ကိုရိုနာဗိုင်းရပ်စ်ရှောင်တိမ်းရာ ဘရာဇီးက ပေါင် ၇ သန်းတန် စံအိမ်

နေမာရဲ့ ကိုရိုနာဗိုင်းရပ်စ်ရှောင်တိမ်းရာ ဘရာဇီးက ပေါင် ၇ သန်းတန် စံအိမ်

PSG အသင်းရဲ့တိုက်စစ်မှူး နေမာကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ ပြင်သစ်နိုင်ငံကနေ  ဘရာဇီးနိုင်ငံဆီကို ကိုယ်ပိုင်ရဟတ်ယာဉ်နဲ့ ပြန်လာခဲ့ပြီး ရီယိုဒီဂျနေးရိုး မှာရှိတဲ့ သူ့ရဲ့စံအိမ်မှာ နေထိုင်ခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ဖို့အတွက် သီးသန့်နေထိုင်မှု ပြုလုပ်ကြရမယ်ဆိုပေမယ့် နေမာက သူ့ရဲ့နေအိမ်မှာ သူငယ်ချင်းတွေကိုပါ ခေါ်ထားခဲ့တာပါ။

 
 
 
 
 
 
 
 
 
 
 
 
 

 

A post shared by ene10ta Érre neymarjr (@neymarjr) on

နေမာရဲ့ နေအိမ်ကြီးထဲမှာ ဘောလီဘောကွင်း၊ ရေကူးကန်၊ ရုပ်ရှင်ရုံ၊ အသေးစားဘောလုံးကွင်းနဲ့ ဟယ်လီကော်ပတာ ရပ်နားစရာနေရာတွေပါ ပါဝင်ပြီး ဒီပုံတွေက ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ႔နေခဲ့တာပါ။

နေမာရဲ့ အင်စတာဂရမ်ပေါ်မှာတော့ သူငယ်ချင်းတွေနဲ့အတူ ဘောလီဘောကစားနေတဲ့ ဓာတ်ပုံတစ်ပုံကို တင်ခဲ့ပြီး သူ့ရဲ့ပရိသတ်တွေကတော့ လူတစ်ယောက်နဲ့တစ်ယောက်အကြား လုံလောက်တဲ့အကွာအဝေးရှိရမယ်ဆိုတဲ့ စည်းမျဉ်းကို နေမာ တစ်ယောက် ချိုးဖောက်နေတယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

 
 
 
 
 
 
 
 
 
 
 
 
 

Cansados porém felizes até o davizinho treinou hoje by: @gilcebola

A post shared by ene10ta Érre neymarjr (@neymarjr) on

တကယ်တော့ နေမာ အခု လာရောက်နေထိုင်တဲ့နေရာဟာ တော်ရုံလူတွေ လာရောက်ဖို့ မလွယ်ကူတဲ့နေရာပါ။ ရီယိုဒီဂျနေးရိုးကမ်းခြေကနေ မိုင်(၆၀)အကွာမှာ တည်ရှိတဲ့ နေမာရဲ့ နေအိမ်ကြီးဟာ (၂)ဧကခွဲ ကျယ်ပြန့်တဲ့ မြေပေါ်မှာ ဆောက်လုပ်ထားတာဖြစ်ပြီး စတားလုံးရဲ့နာမည်ကြီးရုပ်ရှင်ဖြစ်တဲ့ “The Expendables” ကို လာရောက်ရိုက်ကူးထားတဲ့နေရာပါ။

နေမာဟာ (၂၀၁၈)ခုနှစ်ကမ္ဘာ့ဖလားမတိုင်မီ ခြေထောက်ဒဏ်ရာရခဲ့တုန်းကလည်း ဒီစံအိမ်မှာ လာရောက်အနားယူခဲ့ရတာဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ ဘောလုံးသမားအနည်းငယ်သာ ပိုင်ဆိုင်နိုင်တာဖြစ်တဲ့ ဟယ်လီကော်ပတာ၊ ဇိမ်ခံသင်္ဘောငယ်၊ စတာတွေကို နေမာက ပိုင်ဆိုင်ထားပြီး အခု သူ့ရဲ့နေအိမ်ကြီးကလည်း ပြီးပြည့်စုံလွန်းလှပါတယ်။

နေအိမ်ထဲမှာ အားကစားလေ့ကျင့်ရေးခန်းမ၊ အကျောဖြေတဲ့ခန်းမ၊ ရေနွေးစိမ်ကန်တွေအပြင် မြေအောက်ထပ်ထဲမှာလည်း ဝိုင်ပုလင်းပေါင်း(၃၀၀၀)ကို သိုလှောင်ထားသေးတယ်လို့ သိရပါတယ်။

နေမာရဲ့ အိမ်နီးချင်းတွေက နာမည်ကျော်တွေဖြစ်ကြတဲ့ ဘရာဇီးရုပ်ရှင်မင်းသမီး အက်ဒရီယာနာ အက်တီဗက်စ်နဲ့ ဘောလုံးသမား အီမာဆင်တို့ပါ။

နေမာဟာ ဒီနေအိမ်ကိုလာတိုင်း သူ့ရဲ့သူငယ်ချင်းတွေကို ခေါ်လာလေ့ရှိပြီး ဘယ်သူမဆိုအားကျရတဲ့ နေအိမ်ကြီးတစ်ခုပဲလို့ ပရိသတ်တွေက မှတ်ချက်ပေးခဲ့ကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly