ကြွက်သားအပြည့်နဲ့ ဓာတ်ပုံတစ်ပုံကို တင်ပြီး ပရိသတ်တွေကို သတိပေးလိုက်တဲ့ ရော်နယ်ဒို

ကြွက်သားအပြည့်နဲ့ ဓာတ်ပုံတစ်ပုံကို တင်ပြီး ပရိသတ်တွေကို သတိပေးလိုက်တဲ့ ရော်နယ်ဒို

ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒိုကတော့ ကိုရိုနာဗိုင်းရပ်စ်ရန်ကို ကာကွယ်ဖို့အတွက် ပေါ်တူဂီနိုင်ငံ၊ မာဒီယာမှာ သွားရောက်နေထိုင်နေတာပါ။

ရော်နယ်ဒိုက သူ့ရဲ့တွစ်တာနဲ့ အင်စတာဂရမ်အကောင့်တွေမှာ အပေါ်ပိုင်းဗလာနဲ့ ဓာတ်ပုံတစ်ပုံကို တင်သွားခဲ့ပြီး ပရိသတ်တွေအနေနဲ့ အိမ်မှာနေတာကသာ အလုံခြုံဆုံးဖြစ်ကြောင်း သတိပေးခဲ့တာပါ။

ရော်နယ်ဒို တစ်ယောက် ပေါ်တူဂီမြေဆီ ပြန်ရောက်ပြီးတဲ့နောက် သူ့ရဲ့မိသားစုနဲ့ အချိန်ကုန်နေခဲ့သလို သူ့ရဲ့အစ်မတွေ၊ တူမတွေနဲ့လည်း လေ့ကျင့်ခန်းအစီအစဉ်တွေ အတူလုပ်နေခဲ့တာကို တွေ့နေရပါတယ်။

အသက် (၃၅)နှစ်အရွယ် ရှိပြီဖြစ်ပေမယ့် ရော်နယ်ဒိုရဲ့ ခန္ဓာကိုယ်ကတော့ တောင့်တင်းကျစ်လစ်နေဆဲဖြစ်တာကို တွေ့ရမှာဖြစ်ပြီး နောက်ထပ် နှစ်တွေ တော်တော်များများ ကစားနိုင်ဦးမယ့်ပုံပါ။

 
 
 
 

 
 
 
 
 
 
 
 
 

Breathe in, breathe out. Stay active #stayhomesavelives

A post shared by Cristiano Ronaldo (@cristiano) on

ရော်နယ်ဒိုရဲ့ ဓာတ်ပုံအောက်မှာ လာပြီး မှတ်ချက်ပေးတဲ့ ရာဖေး မာဆီဒို ဆိုတဲ့အကောင့်ပိုင်ရှင်ကတော့ ရယ်စရာပါ။ သူက ရော်နယ်ဒိုကို တိရစ္ဆာန်တစ်ကောင်နဲ့ ခိုင်းနှိုင်းခဲ့ပြီး မာဒီရာကနေ ထွက်သွားဖို့အတွက် တောင်းဆိုခဲ့တာပါ။

ဒါပေမယ့် အဲဒီနောက် မှတ်ချက်ပေးမှု တစ်ခုမှာတော့ ရာဖေးကပဲ သူ့ရဲ့အကောင့်ဟာ အဟက်ခံရတာဖြစ်ကြောင်းနဲ့ ရော်နယ်ဒိုလို ထင်ရှားတဲ့ ကစားသမားမျိုးကို ဒီလိုအောက်တန်းကျတဲ့မှတ်ချက်မျိုး သူ ဘယ်တော့မှ ပေးမှာမဟုတ်ကြောင်း ပြန်လည်ဖြေရှင်းခဲ့ပြန်ပါတယ်။

ပရိသတ်တွေကတော့ ရော်နယ်ဒိုရဲ့ အဆီပိုမရှိခဲ့ ခန္ဓာကိုယ်ဖွဲ့စည်းမှုကို ချီးကျူးခဲ့ကြပြီး ရော်နယ်ဒိုဟာ နေအိမ်အတွင်းမှာ လေ့ကျင့်ခန်းတွေ ဘယ်လောက်တောင် လုပ်နေသလဲဆိုတာကို မြင်သာစေတယ်လို့ ချီးကျူးနေကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required