ထိုင်းကပြန်လာတဲ့ COVID - 19 စောင့်ကြည့်လူနာ မော်လမြိုင်ဆေးရုံတွင် သေဆုံး

ထိုင်းကပြန်လာတဲ့ COVID - 19 စောင့်ကြည့်လူနာ မော်လမြိုင်ဆေးရုံတွင် သေဆုံး

ရန်ကုန်၊ ဧပြီ ၂ရက်

မွန်ပြည်နယ်၊ မော်လမြိုင်ဆေးရုံတွင် ဧပြီ(၁)ရက်နေ့ ည(၉)နာရီခွဲခန့်က COVID -19 စောင့်ကြည့်လူနာတစ်ဦး ဆီးချိုရောဂါဖြင့် သေဆုံးသွားကြောင်း မော်လမြိုင်ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မြင့်က မဇ္ဈိမသို့ပြောသည်။

မော်လမြိုင်မြို့ အထွေထွေရောဂါကုဆေးရုံမှဆေးရုံအုပ်ကြီး ဒေါက်တာကျော်မြင့်က"သူက စောင့်ကြည့်လူနာ campမွာ စောင့်ကြည့်ရင်းနဲ့ မနေ့ကမနက်က  ‌စောင့်ကြည့်နေရင်း သတိလစ်သွားလို့ ကျွန်တော်တို့ဆီ လာပို့တာ။ ဆေးရုံရောက်တော့ သတိလစ်နေတယ်။ လူနာက သူ့ရဲ့ ဆီးချိုနဲ့ သွေးတိုးကြောင့် သူက ကျောက်ကပ်တော်တော်ထိနေတာ " ဟု ပြောသည်။

သေဆုံးသူ အသက်(၃၉)နှစ်အရွယ် အမျိုးသားမှာ ချောင်းဆုံမြို့နယ်၊ ကလိကျေးရွာမှဖြစ်ပြီး ထိုင်းနိုင်ငံမှ  ပြန်လာသည့်အတွက် ကျေးရွာအခြေစိုက် ပြင်ပစောင့်ကြည့်နေရာquarantine cente တွင်ထားထားကြောင်း သိရသည်။

ဒေါက်တာကျော်မြင့်က"သူက ဒီကို ပြန်မလာခင် မဟာချိုင်မှာ ဆေးရုံ ၅ရက် တက်ခဲ့တယ်လို့ ပြောတယ်"ဟု ဆိုသည်။

ထိုသေဆုံးသူသည် ဧပြီ(၁)ရက်၊ မနက်(၉)နာရီက မော်လမြိုင်ဆေးရုံသို့ ရောက်ရှိလာကာ ည(၉)နာရီခွဲတွင် သေဆုံးသွားခြင်းဖြစ်သည်။

ထို့ကြောင့် ကိုရိုနာဗိုင်းရပ်စ်ပိုးရှိ၊ မရှိ  စစ်ဆေးရန်  ဓာတ္ခွဲနမူနာယူကာရန်ကုန်ရှိ အမျိုးသားကျန်းမာရေး ဓာတ်ခွဲခန်းသို့ပို့ဆောင်ထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required